မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးသို့ ပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင်တက်ရောက်အားပေးချီးမြှင့်

 

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးအား တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီကကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အတူ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မန္တလေးခရိုင် ပါတီဥက္ကဋ္ဌ ဦးဘို    သင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊မြို့နယ် ပါတီဥက္ကဋ္ဌများ၊ပထမအကြိမ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ကြားဖြတ်ရွေး ချယ်ဖွဲ့စည်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးသန်းထွန်း၊ ဦးတင့်လွင်ဦးနှင့် ဒေါ်လှလှအေးတို့ကသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ရာ မန္တလေး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ၏ လစ်လပ်လျက်ရှိသော ခရိုင်ပါတီကော်မတီဝင် တစ်နေရာ အား ရွေးချယ်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ခရိုင်ပါတီကော်မတီဝင်အဖြစ် ဦးသောင်းညွန့်အား ရွေးချယ်ခဲ့ပြီးနောက်လစ်လပ်ခဲ့သည့် ခရိုင်ပါတီအတွင်းရေးမှူးနေရာကို လက်ရှိခရိုင်ကော်မတီဝင်ကိုးဦးက လျှို့ဝှက်မဲစနစ်ဖြင့်ရွေးချယ်ခဲ့ရာ ခရိုင်အတွင်းရေးမှူး အဖြစ် ဒေါ်ဝါဝါလှိုင်အားတင်မြှောက်ခဲ့ကာ ကြာ ဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးကို ကြွေးကြော်သံများဖြင့်ရုပ်သိမ်းခဲ့ သည်။

ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးကျင်းပပြီးနောက် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က မန္တလေးတိုင်းဒေသကြီး ခရိုင်     ပါတီကော်မတီအား အမှာစကားပြောကြား၍ ခရိုင်ပါတီကော်မတီဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ရွေးချယ်ပွဲမှ ပြန်လည်ထွက်ခွာခဲ့သည်။

သုတ