နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကျင်းပ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့နံနက် ၁ဝနာရီမှစ၍ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးနှင့် မျက်နှာစုံညီအစည်းအဝေး ကျင်းပခဲ့ရာ နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘာပတိ ဖြစ်ကြသော ဦးကြည်ထွန်း၊မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (ဘဏ္ဍာရေးမှူး)နှင့် သဘာ ပတိအဖွဲ့ဝင်များ၊ ဦးထွန်းရှိန် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ဦးဘုန်းမော် နတ်မောက်ပြည်ခိုင်ဖြိုး ပါတီ ကြီးကြပ်ရေးကော်မတီတို့နှင့် မြို့နယ်ပါတီဥက္ကဋ္ဌဦးဇော်လတ်မိုး၊အတွင်းရေးမှူး ဒေါ်အေးမာကြူ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှုဆောင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်အလံအားအလေးပြုခြင် နှင့် နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားစတင်ဖွင်လှစ်ခဲ့ပြီး သဘာပတိ ဦးကြည်ထွန်းက အမှာစကားပြောကြားပြီး ရွေးချယ်ဖွဲ့   စည်းရေးအဖွဲ့မှ သတ်မှတ်ရွေးချယ်ထားသော မြို့ နယ်ပါတီကော်မတီဝင်များ၏ အမည်စာရင်းအား ရပ်/ကျေးစည်းမှူး ဦးလင်းအောင်က ဖတ်ကြားသည်။ထို့နောက် တက်ရောက်လာသော     ပြည်ခိုင်ဖြိုးပါတီစည်းမှူးအမှုဆောင်များ၏ ဆန္ဒသဘောထားများကို ရယူပြီး အချိန်ပြည့်မြို့နယ် ကော်မတီဝင် ၁၅ ဦး၊ ယခုအသစ် ရွေးချယ်ထားသော အရန် မြို့နယ် ကော်မတီဝင် ၁၅ ဦး         စုစုပေါင်း မြို့နယ်ကော်မတီဝင် ၃ဝ တို့အား အတည်ပြုပေးခဲ့ သည်။

ထို့နောက်ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးအဖွဲ့မှ အသစ်ရွေးချယ် ဖွဲ့စည်းပေးခဲ့သော မြို့နယ် ကော်မတီဝင်များအား ပါတီ၏မူဝါဒ၊ပါတီ၏သဘောထားများ၊ ပါတီ၏စည်းမျဉ်း၊ စည်းကမ်း များအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။ မွန်းတည့် ၁၂ နာရီတွင် အစည်းအဝေး ပြီးမြောက်ကြောင်း သိရသည်။

ထွန်းမှီ(နတ်မောက်