ဆန်းချက်အတွက် အဂူရိုကို လိုချင်နေတဲ့ အာဆင်နယ်

မန်စီးတီးအသင်းက စိတ်ဝင်စားနေတဲ့ ဆန်းချက်အတွက် အာဆင်နယ်အသင်းကလည်း အဂူရိုကို ပြန်လည် လိုချင်နေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းက ဆန်းချက်အတွက် ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်ခဲ့ပေမယ့် အာဆင်နယ်အသင်းက ပယ်ချလိုက်ခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

မူလက မန်စီးတီးအသင်းအနေနဲ့ ဆန်းချက်ကိုခေါ်ယူဖို့ စတားလင်းကို အလိုက်ပေးခေါ်မယ်လို့ သတင်းလွှင့် ခဲ့သလို အဂူရိုကို အလိုက်ပေးခေါ် ယူသွားဖွယ်ရှိနေတယ်လို့လည်း သတင်းထွက်ပေါ်နေတာကြောင့် အာဆင်နယ် အသင်းအနေနဲ့အဂူရိုကိုသာ လိုချင်တယ်လို့ ထုတ်ဖော် ခဲ့တာလည်း ဖြစ်ပါတယ်။

အာစင်ဝင်းဂါးအနေနဲ့ ဆန်းချက်ကို ယခုနှစ်ရာသီမှာ ရောင်မထုတ်နိုင်ပါက လာမယ့် နှစ်မှာ အလွတ်ပြောင်းရွှေ့ ကြေးနဲ့ လက်လွှတ်ရဖွယ် ရှိနေတာကြောင့်လည်း ယခုလို အလဲအထပ် ကိစ္စမှာ ဖြစ်လာဖွယ်ရှိနေတယ်လို့ လည်း မီဒီယာတွေကသုံးသပ်နေကြပါတယ်။

ဒါ့အပြင် အဂူရိုအနေနဲ့လည်း နည်းပြ ဂွါဒီယိုလာရဲ့ အဓိက ကစားသမားအဖြစ် အသုံးပြုခြင်းမခံရပဲ ဂါဘရီရယ် ဂျီးဆပ်ရဲ့နောက် အရံကစားသမားအဖြစ်သာ ရှိနေခြင်းကြောင့်လည်း အဆိုပါ အပြောင်းအရွှေမှာ ဖြစ်လာဖွယ် ရှိနေတယ်လို့ သုံးသပ်နေကြတာလည်း ဖြစ်ပါတယ်။

-Ref; Goal.com