NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး စက်တင်ဘာလဆန်း ကျင်းပမည်

 

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၏ ထိပ်သီးခေါင်း ဆောင်များသည် စက်တင်ဘာလ ဆန်းတွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်နိုင်ရေး ဆွေးနွေးမည်ဖြစ်ကြောင်း ယင်း အဖွဲ့ကိုယ်စားလှယ်များက ပြော ကြားသည်။

NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်တစ်ဦးစီဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ လာမည့်စက် တင်ဘာ ၄ ရက်မှ ၇ ရက် အကြား ပြုလုပ်ရန်ရှိကြောင်း PPST အဖွဲ့ ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန် နှင့် NCA တွင် မပါဝင်သေးသည့် တိုင်းရင်းသား အဖွဲ့များနှင့် ဆက်ဆံရေးကိစ္စများ ဆွေးနွေးသွားရန်ရှိကြောင်း ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ထို့အပြင် အစိုးရ၊ လွှတ် တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ ရေးပါတီများ အတူတကွ  တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်နိုင်ရေး ဆွေး နွေးမည်ဟု ကရင်အမျိုးသားအ စည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစော ကွယ်ထူးဝင်းက ပြောသည်။

NCA လက်မှတ်ထိုးထားသည့် အဖွဲ့များသည် ကရင်အမျိုး သားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ကရင် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA နှင့် KNLA-PC တို့ဖြစ် သည်။

အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ်များက လည်း ပြည်ထေင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် ကြိုတင် ပြင်ဆင်ခြင်း စကားဝိုင်းဆွေးနွေး ပွဲကို သြဂုတ် ၂၈ ရက် က စတင် ပြုလုပ်နေပြီး လာမည့် ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် အစိုးရအဖွဲ့အကြား ဘုံသဘောထား ချမှတ်နိုင်ရေး ညှိနှိုင်း နေသည်။