“နောက်ဆုံးရ ထိပ်တန်း အပြောင်းအရွှေ့သတင်းများ”

(၁) PSG အသင်းဟာ မိုနာကိုရဲ့ လူငယ်တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ PSG ဟာ အမ်ဘတ်ပေအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၆၆သန်းနဲ့ သဘောတူညီခဲ့ပြီး မကြာခင် အပြောင်းရွှေ့ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ UEFA ရဲ့ FFP စည်းမျဉ်းအရ PSG ဟာ အမ်ဘတ်ပေကို ဒီနှစ်ရာသီမှာ အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး လာမယ့် ရာသီမှာ အပြီးသတ် ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

(၂) ချယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား ချိန်ဘာလိန်ကို ပေါင် ၃၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က အာဆင်နယ်အသင်း ကမ်းလှမ်းခဲ့တဲ့ တစ်ပတ် ပေါင် ၁သိန်း ၈သောင်းကို ငြင်းပယ်ခဲ့ပြီးနောက် ချယ်လ်ဆီးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ လာမယ့်ရက် ပိုင်းအတွင်း အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု ပြုလုပ်မှာ ဖြစ်ပြီး အပြောင်းအရွှေ့ကို တရားဝင်ကြေငြာမှာ ဖြစ်ပါတယ်။

(၃) လီဗာပူးလ်အသင်းဟာ ကာလရှည်ကြာ စိတ်ဝင်စားနေတဲ့ လိုက်ပ်ဇက် ကွင်းလယ်လူ နာဘီ ကေတာကို ကလပ်စံချိန်တင် ပေါင် ၄၈သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။ ကေတာဟာ ဒီနှစ်ရာသီမှာ လီဗာပူးလ်ကို ရောက်လာဦးမှာ မဟုတ်ဘဲ လာမယ့် နွေရာသီမှ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

(၄) ဘာစီလိုနာအသင်းဟာ ဒေါ့မန်တောင်ပံကစားသမား ဒမ်ဘေးလ်လီကို ကလပ်စံချိန်တင် ပေါင် ၉၇သန်းနဲ့ အပြီးသတ် စာချုပ်လိုက်ပြီဖြစ်ပြီး ဒီကနေ့မှာ အသင်းနဲ့အတူ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

(၅) စပိန်မီဒီယာတွေမှာ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လီဗာပူးလ်က ကော်တင်ညိုကို လက်မလျော့သေးဘဲ ဈေးကွက် မပိတ်မီ အချိန်အထိ ခေါ်ယူဖို့ကြိုးစားနေကြောင်းနဲ့ ကော်တင်ညိုကို မရပါက မန်ယူက လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ပြောင်းလဲ ခေါ်ယူဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

(၆) နယူးကာဆယ်ကစားသမား ဒီယောင်ဟာ အသင်းဟောင်း အားယက်စ်ကို ၃နှစ်စာချုပ်နဲ့ပြန်လည် ပြောင်းရွှေ့သွားခဲ့ပါတယ်။
(၇) အင်တာမီလန်အသင်းဟာ လာဇီယိုအသင်းရဲ့ တိုက်စစ်မှူး ကေတာ ဘလိတ်ကို ပေါင် ၂၇သန်းနဲ့သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။

(၈) မိုနာကိုအသင်းဟာ အသင်းမှ ထွက်ခွာတော့မယ့် အမ်ဘတ်ပေနေရာမှာ အစားထိုးဖို့ အင်တာမီလန် ကစားသမား ယိုဗီတစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

(၉) လီဗာပူးလ်အသင်းဟာ မိုနာကိုအသင်းရဲ့ သောမတ် လီမာကို ပေါင် ၅၅သန်းနဲ့ ကမ်းလှမ်းထားသလို ဘိုင်ယန်အသင်းရဲ့ လူငယ်ကစားသမား ရီနာတို ဆန်းချက်ဇ်ကိုလည်း အငှားနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဗြိတိန် မီဒီယာတွေရဲ့ အဆိုရ လီဗာပူးလ်ဟာ လီမာကို ကော်တင်ညိုနေရာမှာ အစားထိုးဖို့ ကမ်းလှမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၁၀) စပါးအသင်းဟာ အာဂျင်တီးနားကလပ် အက်စ်တူဒီယန်းတက်စ်က လူငယ်နောက်ခံလူ ဟွမ် ဖို့ဒ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။ စပါးရဲ့ နောက်ခံလူ ကယ်ဗင် ဟွမ်မာကနော့ စတုတ်စီးတီးကို ပေါင် ၁၅သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

(၁၁) ရာသီအကြိုခြေစမ်းပွဲမှာ ချယ်လ်ဆီးအတွက် ခြေစွမ်းပြခဲ့တဲ့ တောင်ပံ ကစားသမား ဘိုဂါဟာ ဘာမင်ဂမ်အသင်းကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ်။

(၁၂) ဒေါ့မန်အသင်းဟာ ဘာစီလိုနာကို ပြောင်းသွားတဲ့ ဒမ်ဘေးလ်လီနေရာ မှာ အစားထိုးဖို့ ယူကရိန်း တိုက်စစ်မှူး အန်ဒရီ ယာမိုလန်ကိုကို ယူရို ၂၅သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။

(၁၃) PSG အသင်းရဲ့ တောင်ပံကစားသမား ဒရက်ဇ်လာဟာ အသင်းကို နေမာနဲ့ အမ်ဘတ်ပေ ရောက်ရှိလာတာကြောင့် ပုံမှန်နေရာ ရဖို့ ခက်ခဲသွားလို့ အပြောင်းအရွှေ့မပိတ်မီ အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ ဒရက်ဇ်လာကို အာဆင်နယ်အသင်းကတော့ စိတ်ဝင် စားနေပါတယ်။

(၁၄) အာဆင်နယ်အသင်းဟာ ရီးယဲယ်ရဲ့ အသက် ၂၀နှစ် အရွယ် တောင်ပံ ကစားသမား မာကို အဆန်စီယိုကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဗြိတိန်ထုတ် Daily Express သတင်းစာရဲ့ အဆိုအရ သူ့ရဲ့ လျော်ကြေးငွေ စာချုပ် ပေါင် ၇၅သန်းအထိကို ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(ဘီဘီစီ)