ပဲခူးပြည်ခိုင်ဖြိုးပါတီဝင်၂ဝဝ ကျော် ဒေးစွန်ပါဘုရားတောင်နံရံ ပြန်လညf ပြုပြင်မှု လုပ်အား ဒါနပေးလှူ

 

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနာယကများဖြစ်သော ဦးဝင်းတင်၊ ဦးကျင်သိန်းနှင့် ဥက္ကဋ္ဌဦး စောမော်ထွန်းဦးဆောင်သော တိုင်း၊ခရိုင်၊ မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူး မြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီးရှိ ဒေးစွန်ပါ ဘုရားတောင်နံရံပြို ကျမှု ပြန်လည်ပြုပြင်ခြင်းတွင် လုပ်အားဒါန သွားရောက်ပေး လှူကြသည့်အပြင် အလှူငွေကျပ် လေးသိန်းကိုလည်း လှူဒါန်းခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်အတူ ပဲခူးမြို့နယ် ဘုရားလေးကျေးရွာ ပရ ဟိတအဖွဲ့များနှင့် ဒေသခံပြည်သူ ၈ဝဝ ခန့်တို့ စုပေါင်းကာ ပြည်သူ့ အကျိုးပြုလုပ်ငန်းအဖြစ် တစ်နေ့ တာ လုပ်အားအလှူပေးလှူခြင်း အပြင် ပဲခူးမြို့နေဦးကျော်သန်းစိုး၊ ဇနီးဒေါ်အိအိငြိမ်း မိသားစုတို့က လည်း အလှူငွေကျပ် ငါးသိန်းကို ဂေါပကအဖွဲ့ထံပေးအပ် လှူဒါန်းသည်။

တစ်နေ့တာလုပ်အားဒါနပြု လှူဒါန်းရာတွင် တိုင်း၊ခရိုင်၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် များအပြင် ဘုရားကြီးမြို့၊ဘုရား လေးကျေးရွာ၊ ဝမ်းဘဲအင်း ကျေး ရွာတို့မှ ပါတီဝင်များ စုစုပေါင်း အင်အား ၂ဝဝ ခန့်ပါဝင်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)