ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖံွ့ဖြိုးရေးပါတီမှ ပင့်သံဃာအရှင်သူမြတ်များအား ဝါဆို သင်္ကန်းနှင့်ဆွမ်း ဆက်ကပ်လှူဒါန်း ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပါတီရုံးအပေါ်ထပ်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ သူရိယအမှူးပြုသော ပင့်သံဃာအရှင် သူမြတ်ငါးပါးကြွရောက်တော်မူကြပြီး အောင်တော်မူ စာသင်တိုက် ကြီး၏ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တကုမာရအရှင်သူမြတ်က ရှစ်ပါးသီလ ချီးမြှင့်တော်မူကာ သံဃာတော်အရှင်မြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ကြသည်။ ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဋ္ဌဦးဝင်းမြင့် နှင့်ကော်မတီဝင်များ၊ ခရိုင်တာဝန်ခံတို့က ဝါဆိုသင်္ကန်းနှင့်လှူဖွယ် ဝထ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်း ကြသည်။ ယင်းနောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှ အတန်းပေးဝေကြပြီး ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ကြကြောင်းသိရသည်။
အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲသို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ ပါတီ စည်းရုံး ရေးမှူးများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)