ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးအား ခရိုင်ပါတီရုံးအစည်း အဝေးခန်းမတွင် ယခုလ ၂၆ရက် နံနက် ၉နာရီခွဲက ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးသောင်း၊ ဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ကျောက်ဆည်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းနှင့်ခရိုင် ပါတီကော်မတီ ဝင်များ၊ ကျောက်ဆည် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာစည်းမှူးများနှင့် ဒုစည်းမှူးများ၊ ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးကော်မတီ ဝင်များ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် များဖြစ်ကြသည့် ဦးသန်းထွန်း၊ ဦးကျော်ဆန်းနှင့် ဦးအောင်နိုင်ဦးတို့ကသဘာပတိများ အဖြစ်ဆောင်ရွက်ခဲ့ကြပြီး အစည်း အဝေးကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ရာ ကျောက် ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လစ်လပ်လျက်ရှိသောမြို့နယ်ပါတီ ကော်မတီဝင် တစ်နေရာအား ရွေးချယ်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းများ နှင့်အညီ မြို့နယ်ပါတီကော်မတီ ဝင်အသစ်ခြောက်ဦးအား ရွေးချယ်ကာ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ သည်။

ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးကျင်းပပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင် ကော်မတီအဖွဲ့ဝင် ဦးသောင်းနှင့် ဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်တို့က ကျောက်ဆည်မြို့နယ် ပါတီကော်မတီအား အမှာစကား ပြောကြား၍ မြို့နယ်ပါတီကော် မတီဝင်များအား ရင်းရင်းနှီးနှီးတွေ့ ဆုံနှုတ်ဆက်ခဲ့သည်။

သုတ