ပြည်ခိုင်ဖြိုးပါတီရမည်းသင်းခရိုင်အဆင့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကျင်းပ

 

မန္တလေးတိုင်းဒေသကြီးရမည်း သင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရပ်/ကျေးအုပ်စု စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၏ (ခရိုင် အဆင့်)နှုတ်မှုစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့က ရမည်းသင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင် သမီးပျိုလေးများ က ‘ကေသရာဇာ’သီချင်းဖြင့် ဖျော်ဖြေသည်။ ယင်းနောက် ရမည်းသင်းခရိုင် ပြည်ထောင်စုကြံ့     ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်း ထွန်းဝင်းက အဖွင့်အမှာစကား ပြောကြား၍ ခရိုင်အတွင်းရေးမှူး ဒေါ်သန်းသန်းအေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်း တင်ပြပြီး ဒိုင်   အဖွဲ့ဝင် ဦးခင်မောင်ဝင်းက အမှတ်ပေးစည်းမျဉ်း၊စည်းကမ်းများကို ရှင်းလင်းတင်ပြသည်။ယင်းနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကျပန်း စကားပြောပြိုင်ပွဲတွင် ခြောက်ဦး၊ စကားရည်လုပြိုင်ပွဲတွင် ခြောက်ဦး၊ သီချင်းဆိုပြိုင်ပွဲတွင် (ကျား-မ) ၁ဝဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအားဆုစာရင်းကြေညာ ခြင်း၊ ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြု လက်ဆောင်များပေးအပ်ပြီး ဆုရရှိ သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဝင်များက’ပြည်ခိုင်ဖြိုးဟေ့’သီချင်း ဖြင့် ဖျော်ဖြေပြီး ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြား၍အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်း   ခဲ့ကြောင်း သိရသည်။

လှိုင်သန်းတင့်(ရမည်းသင်း)