မလေးရှားနိုင်ငံ မြန်မာသံရုံး၏ အသိပေးကြေညာချက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ၂၁-၈-၂၀၁၇ ရက်နေ့ ညပိုင်း၌ ကျင်းပခဲ့သည့် မြန်မာ-မလေးရှား ဘောလုံးပွဲစဉ်အား လာရောက်ကြည့်ရှုအားပေးခဲ့ကြသည့် မြန်မာနိုင်ငံသားအချို့ Stadium Shah Alam ဘောလုံးကွင်းအနီးတွင် ရိုက်နှက်ခံရခြင်း လုယက်ခံရခြင်းများ ဖြစ်ပွားခဲ့ပါသည်။

သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဆက်လက်ကျင်းပသွားမည့် အားကစားပြိုင်ပွဲများ အားပေးကြည့်ရှုရာတွင် လည်းကောင်း၊ မလေးရှားနိုင်ငံအတွင်း သွားလာနေထိုင်ရာတွင် လည်းကောင်း သတိဝီရိယဖြင့် လှုပ်ရှားသွားလာ နေထိုင်ကြပါရန် အသိပေးနှိုးဆော် အပ်ပါကြောင်းနှင့် သက်ဆိုင်ရာ မလေးရှားအစိုးရ လုံခြုံရေး အဖွဲ့အစည်းများထံသို့လည်း အကူအညီတောင်းခံထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။ —

မြန်မာသံရုံး၊ကွာလာလမ်ပူမြို့။
ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်

Myanmar Embassy in Kuala Lumpur, Malaysia ပြန်လည်မျှဝေပါသည်။
ဖြိုးကျော်ထက်