ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်ကော်မတီများ ကြားဖြတ်ရွေးချယ်ပွဲညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီများ ကြားဖြတ်ရွေးချယ်ပွဲ ကျင်းပနိုင်ရေး အတွက် ယနေ့နံနက် ၉ နာရီ ခွဲက ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးအစည်း အဝေးခန်းမတွင် ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ နယ်မြေတာဝန်ခံများဖြစ်ကြသော ဗဟိုကော်မတီဝင် ဦးတင်ဝင်းနှင့် ဒေါ်သင်းသင်းမိုး၊       ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ၁၃မြို့နယ်မှ ပါတီ ဥက္ကဋ္ဌများတက်ရောက်ကြပြီး မြို့နယ် ပါတီဥက္ကဋ္ဌများက ကြားဖြတ်ရွေး ချယ်ပွဲပြင်ဆင်ထားရှိမှုနှင့် ကျင်းပ မည့်အချိန်နှင့်နေ့ရက်များကို တင်ပြကြပြီး တိုင်းပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိန်းဝင်း (YGN)