ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် မြို့နယ် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို ရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက် ၁၁ နာရီတွင် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပါတီရုံး၌ ကျင်းပသော ကန့်ဘလူ ခရိုင်နှင့် ကန့်ဘလူမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍အကျယ်တဝင့်ဆွေးနွေး ညှိနှိုင်းသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ကန့်ဘလူ ခရိုင် ပါတီကော်မတီဝင်များ၊ ကန့်ဘလူ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၁၂ဝ ကျော် တက်ရောက်ကြသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် တက်ရောက်လာကြသော ပါတီကော်မတီဝင်များ၊ရပ်/ကျေးပါတီ ခေါင်းဆောင်များကတစ်ဦးချင်း မိတ်ဆက်ကြသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုးက လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပါတီစည်းရုံး ရေးလုပ်ငန်းများဦးစားပေးဆောင် ရွက်နိုင်ရေး ဆွေးနွေးသည်။ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးသန်းစိန်က မြို့နယ်ပါတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေး နွေးပြီး တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးမြင့်သိန်းက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကာ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသ ကြီးတာဝန်ခံဦးမြင့်စိုးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ညနေပိုင်းတွင် ဗဟိုအလုပ် အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ကျွန်းလှ မြို့နယ်၌ ပြုလုပ်သော တွေ့ဆုံပွဲသို့ တက် ရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံ ပွဲသို့ ဗဟို အလုပ်အမှုဆောင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ကန့်ဘလူခရိုင် ပါတီကော်မတီဝင်များ၊ ကျွန်းလှ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယကများ၊ ကျွန်းလှမြို့နယ်ပါ တီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီခေါင်းဆောင်များ စုစုပေါင်း အင်အား ၈၇ဦးတက်ရောက်သည်။
တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီခေါင်းဆောင်များက တစ်ဦး ချင်းမိတ်ဆက်ကြသည်။ ထို့ နောက် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့် စိုးက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး ပါတီ စည်းရုံးရေးလုပ်ငန်းများဦးစားပေး ဆောင်ရွက် နိုင်ရေးဆွေးနွေးသည်။ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်ထွန်း က မြို့နယ်ပါတီ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးပြီး တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းက လိုအပ်ချက်များကို ဖြည့်စွက်ဆွေး နွေးကြရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံက နိဂုံး ချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
စိမ်းနိုင်(ဝက်လက်)