ရန်ကုန်မြို့ပတ်ရထားလမ်း အောက်တိုဘာတွင် အဆင့်မြှင့်တင်မည် …!

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အောက်တိုဘာတွင် အပိုင်းလိုက်အဆင့်မြှင့်တင်ခြင်း လုပ်ငန်း စတင်မည်ဖြစ်ပြီး စီမံကိန်းလုပ်ဆောင်နေသည့် လမ်းပိုင်း၌ သံလမ်းတစ်ဖက်တည်းကို သာ ခုတ်မောင်းပြေးဆွဲမည်ဟု မြန်မာ့မီးရထား တာဝန်ရှိသူက ပြောသည်။

မြို့ပတ်ရထားလမ်းပိုင်းကို အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ အပိုင်းနှစ်ပိုင်း အဆင့်မြှင့်တင်မည်ဖြစ်ပြီး အရှေ့ခြမ်းကို ယခုနှစ် အောက်တိုဘာမှ ၂၀၁၈ မေလ အထိလည်းကောင်း၊ အနောက်ခြမ်းကို ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ မေလအထိလည်းကောင်း စီမံကိန်းကာလ သတ်မှတ်လုပ် ဆောင်မည်ဟု တာဝန်ရှိ သူကဆိုသည်။‘‘စီမံကိန်းနဲ့ပတ်သက်လို့ အစည်းအဝေးဆုံးဖြတ်ချက်လည်း ထွက်ပါပြီ။ အများပြည်သူသိ အောင်လည်း ဒီတစ်ပတ်ထဲမှာ ပဲသတင်းထုတ်ပြန်ပါမယ်’’ဟု ၎င်းက ပြောသည်။

မြို့ပြရထားလမ်းပိုင်း အရှေ့ဘက်ခြမ်း အဆင့်မြှင့်တင်မှုကို အပိုင်းနှစ်ပိုင်း ထပ်မံခွဲခြားပြီး အပိုင်း (၁)တွင် တညင်းကုန်းဘူတာမှ ပုရွက်ဆိတ်ကုန်းဘူတာ အထိ (၇ ဒသမ ၂၅ မိုင်)ကို ပထမလေးလ အတွင်း လည်းကောင်း၊ အပိုင်း (၂)ဖြစ်သည့် ပုရွက်ဆိတ် ကုန်းဘူတာမှ ပုဇွန်တောင်ဘူတာ အထိ (၈ ဒသမ ၅ မိုင်)ကို ဒုတိယ လေးလတွင်လည်းကောင်း လုပ် ဆောင်ရန် လျာထားကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူက ဆိုသည်။

မြို့ပတ်ရထားလမ်းပိုင်း အ နောက်ဘက်ခြမ်း အဆင့်မြှင့်တင် မှုကို အပိုင်း (၁)တွင် တညင်းကုန်း ဘူတာမှ အင်းစိန်ဘူတာအထိ (၃ ဒသမ ၅ မိုင်)၊ အပိုင်း (၂)တွင်အင်းစိန်ဘူတာမှ ကြည့်မြင်တိုင် ဘူတာအထိ (၅ ဒသမ ၅ မိုင်)နှင့် အပိုင်း (၃)တွင် ကြည့်မြင်တိုင် ဘူတာမှ ဘုရားလမ်းဘူတာအထိ(၂ ဒသမ ၇ မိုင်) တို့ကို ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ မေလအထိ ရှစ်လအတွင်း လုပ်ဆောင်မည် ဟု ဆိုသည်။ အဆိုပါလမ်းပိုင်းများရှိ သံ လမ်းအချက်ပြစနစ်များကို အဆင့်မြှင့်တင်မည်ဖြစ်၍ အပိုင်းလိုက် စီမံကိန်းလုပ်ငန်းများ လုပ်ဆောင် နေသည့် နေရာများတွင် အသွားပြန်နှစ်လမ်းရှိသည့်အနက် လမ်းကြောင်း  တစ်ခုတည်းကိုသာ ရထားခုတ် မောင်းပြေး ဆွဲစေခြင်း၊ ရထားစီးရေ လျှော့ချပြေးဆွဲစေ ခြင်းများ ပြုလုပ်မည်ဟု သတင်း ရရှိသည်။

‘‘အခုဟာက ရထားလမ်းပြင် မယ်ဆိုတော့ ပထမဆုံးစပြင်မယ့် တညင်းကုန်း-ပုရွက်ဆိတ်ကုန်း ကြားထဲမှာ လမ်းတစ်လမ်းကို ဖြုတ်ပြီး အကြီးစားပြင်ဆင်မှာဖြစ် တဲ့အတွက် ဒွေးလမ်းမဟုတ်တော့ ဘူး။ ဧကလမ်း (Single Line) ဖြစ် သွားမှာမို့ ရထားဆုံတာတွေရှိလာ မှာ ဖြစ်ပါတယ်။ အရင်ပြေးဆွဲနေ တဲ့ ရထားစီးရေထက်လည်း နည်း နည်းလျော့သွားမှာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ ပြင်ဆင်ဆဲ ကာလမှာ နည်းနည်းတော့ အ ဆင်မပြေမှုတွေ ရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ ခရီးသည်တွေ အဆင်ပြေစေရေး အတွက်တော့ မြန်မာ့မီးရထားက အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မှာ ဖြစ်ပါ တယ်’’ဟု အထက်ပါတာဝန်ရှိသူ က ပြောသည်။

ပြေးဆွဲမည့် ရထားစီးရေ လျှော့ချရန်ရှိသည်ဆိုသော်လည်း အတိအကျကို လောလောဆယ် မပြောနိုင်သေးဘဲ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။ အဆိုပါအဆင့်မြှင့်တင်မှု စီမံကိန်းများ ပြီးစီးပါက မြို့ပတ် ရထားပြေးဆွဲမှု မြန်နှုန်းကို ယခု ထက်ပို၍ မြှင့်တင်နိုင်ပြီး ခရီးသည်စီးနင်းမှုပမာဏ သုံးဆကျော် တိုးမြှင့်ရန် မျှော်မှန်းထားကြောင်း မြန်မာ့မီးရထားက သတင်းထုတ်ပြန်ထားသည်။ မြန်မာ့မီးရထားသည် မြို့ပတ်ရထား လမ်းပိုင်းတွင် လက်ရှိ ၌ စီးရေ ၂၀ ကျော်ဖြင့် ပြေးဆွဲပေး နေပြီး တစ်ရက်လျှင် ခရီးသည်ဦး ရေ ကိုးသောင်းခန့် စီးနင်းနေ ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။