ဆီးဂိမ်းတွင် မြန်မာ Squash အားကစားအဖွဲ့လိုက်ပါလာသည့် ကား ယာဉ်မတော်ဆမှုဖြစ်ပွား

မလေးရှားဆီးဂိမ်းတွင် Squash ကစားနည်းပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲကျင်းပသည့် ဘူခက်ဂျာလီ အမျိုးသား အားကစားရုံသို့သွားသည့်လမ်း၌ မြန်မာအသင်း လိုက်ပါလာသည့် ကားမှာ မတော်တဆမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ယနေ့ (သြဂုတ်လ ၂၁ ရက် ) မလေးရှားစံတော်ချိန် နံနက် ကိုးနာရီ အချိန်တွင် အမျိုးသမီးနှစ်ယောက်ပွဲ ပြိုင်ပွဲ၌ မြန်မာနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲသို့ သွားရောက်စဉ် မြန်မာအသင်း လိုက်ပါ လာသည့် ကားမှာ အခြားကားတစ်စီးကို ဝင်တိုက်မိပြီ့း ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်တစ်ချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ပြိုင်ပွဲကို ဝင်ပြိုင်တော့မည် မဟုတ်ကြောင်း အားကစားနှင့်ကာယပညာဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

( 7 days)