ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်စည်းရုံးရေးကော်မတီ သီးခြား အစည်းအဝေးနှင့် တွေဆုံပွဲ ကျင်းပ

ငဖဲ သြဂုတ်​ ၂၁

ငဖဲ မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီသည်​ မြို့နယ်​ စည်းရုံး​ရေး​ကော်​မတီ သီးခြားအစည်းအ​ဝေးနှင့်​ ​”​တွေ့ဆုံပွဲ” မင်းဘူးခရိုင်​ လုပ်​ငန်းစစ်​)တို့ကို ယ​မန်နေ့ 21-8-2017​နေ့တွင်​ သီးခြားစီ ကျင်းပခဲ့ပါ သည်​။

ရှေးဦးစွာ နံနက်​ ၁၁းဝဝနာရီအချိန်​တွင်​ မြို့နယ်​စည်းရုံး​ရေး​ကော်​မတီ သီးခြား အစည်းအ​ဝေးကို ကျင်းပရာ ရုံးချိန်​တာဝန်​ခွဲ​ဝေမှု၊ ​ရေးရာ​ကော်​မတီ အုပ်​စုကိုယ်​စားလှယ်​များ လစ်​လပ်​​နေရာများ မဖြစ်​မ​နေ ဆက်​လက်​​ဆောင်​ရွက်​​ရေး၊ မြို့နယ်​စည်း​ကော်မတီ၏ လုပ်​ငန်းတာဝန်​များအား အပြန်​အလှန်​ ​ဆွေး​နွေး​ထောက်​ခံ ဆုံးဖြတ်​ခဲ့ကြပြီး အစည်းအ​ဝေးကို မွန်းတည့်​ ၁၂းဝဝနာရီတွင်​ရုပ်​သိမ်းခဲ့ကြပါသည်​။

ဆက်​လက်​၍ မင်းဘူးခရိုင်​ ပါတီ​ကော်​မတီ၏ လုပ်​ငန်းစိစစ်​​ရေးနှင့်​ ​တွေ့ဆုံပွဲကို ​နေ့လည်​ ၂း၁၅နာရီအချိန်​တွင်​ ကျင်းပရာ ခရိုင်​ဥက္ကဌ ​ဒေါ်သီမာလှိုင်​နှင့်​ ခရိုင်​အတွင်း​ရေးမှူး ဦးစိန်​ရွှေမင်း တို့က အသီးသီး အမှာစကား​ပြောကြားကြပြီး ပါတီစည်းကမ်း ပါတီလုပ်​ငန်းနှင့်​ ဘဏ္ဍာ​ရေးကဏ္ဍတို့ကို စိစစ်​​စစ်​​ဆေး​ဆောင်​ရွက်​ခဲ့ကြပါသည်​။

ထို့​နောက်​ မြို့နယ်​စည်းရုံး​ရေး​ကော်​မတီဝင်​များမှ ပြန်​လည်​တင်​ပြဆွေးနွေးကြပြီး ခရိုင်​အတွင်း​ရေးမှူး ဦးစိန်​ရွှေမင်းက နိဂုံးချူပ်​အမှာစကား ​ပြောကြားပြီး ည​နေ ၄းဝဝနာရီအချိန်တွင်​ အစည်းအ​ဝေးကို ရုပ်​သိမ်းခဲ့ပါသည်​။

USDP Ngaphe