ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအဆင့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကျင်းပ

 

ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ ရပ်/ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အား ယနေ့ နံနက်၁ဝနာရီက စဥ့်ကူးမြို့နယ် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင့်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲနှင့်ပတ်သက်၍ ဒိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို အစီအစဉ်များ အတိုင်း ဆက်လက်ကျင်းပသည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးတင့်လွင်ဦးနှင့် ဦးစိုင်းအောင်ကြည်၊ ပြင်ဦးလွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်နှင့် ခရိုင် ပါတီကော်မတီဝင်များ၊ ပြင်ဦး လွင်မြို့နယ်၊ စဥ့်ကူးမြို့နယ်၊ သပိတ်ကျင်း မြို့နယ်၊ မတ္တရာမြို့နယ်နှင့် မိုးကုတ်မြို့နယ်များမှ မြို့နယ်ဥက္ကဋ္ဌများ၊ မြို့နယ်အတွင်း ရေးမှူးများနှင့်မြို့နယ်ပါတီကော် မတီဝင်များ၊ အကဲဖြတ် ဒိုင်လူကြီးများ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရပ်/ကျေးပါတီဝင် များ စုစုပေါင်း အင်အား ၁၃ဝခန့် တက် ရောက်ခဲ့ကြသည်။

သုတ