၂၀၁၇-၁၈ အင်္ဂလန် ပရီးမီးယားလိဂ် ရာသီစပြီ”
“အာဆင်နယ်နဲ့ လက်စတာစီးတီးတို့ အမ်းမရိတ်ကွင်းမှာ ကန်မယ်”
*အာဆင်နယ် – လက်စတာစီးတီး
*ကွင်း – အမ်းမရိတ်
*ဒိုင်လူကြီး – မိုက်ဒင်း
*အချိန် – မြန်မာစံတော်ချိန် စနေနေ့ နံနက် ၁နာရီ ၁၅မိနစ်။
၂၀၁၇-၁၈ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးရာသီအဖွင့်ပွဲအဖြစ် အာဆင်နယ်နဲ့ လက်စတာစီးတီးတို့ ကစားကြမှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲကို အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ကစားမှာဖြစ်ပြီး ဒေသ စံတော်ချိန် ည ၇နာရီ ၄၅မိနစ်၊ မြန်မာစံတော်ချိန် စနေနံနက် ၁ နာရီ ၁၅မိနစ်မှာ ကစားမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆန်းချက်ဇ်၊ အိုဇေးလ်၊ ရမ်ဆေးလ်တို့ မပါဝင်သလို၊ နောက်ခံလူ လော့ရင့် ကော့ရှယ်နီလည်း ပွဲပယ်ခံထားရပါတယ်။ လက်စတာစီးတီးမှာတော့ ဗာဒီ၊ မားရက်ဇ်တို့ လူစုံအပြင် အသစ်ခေါ်ထားတဲ့ တိုက်စစ်မှူး အီယန်နာချိုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
အာဆင်နယ်က ခံစစ် ၃ယောက်ပုံစံ ၃-၄-၃ ပြောင်းပြီးကစားခဲ့တဲ့ ၁၀ပွဲမှာ ၉ပွဲအထိ အနိုင်ရထားသလို အဲ့ဒီ ကစားကွက်နဲ့ပဲ ပွဲထွက်လာမှာ သေချာပါတယ်။ ဆန်းချက်ဇ်၊ အိုဇေးလ်မကစားနိုင်သေးလို့ တိုက်စစ်မှူး လာကာဇက်၊ အီဝိုဘီ၊ ၀ဲလ်ဘတ်တို့ပွဲထွက်လာနိုင်သလို ကွင်းလယ်နဲ့ ခံစစ်ပိုင်းကလည်း ချယ်လ်ဆီးကို နိုင်ခဲ့တဲ့ပွဲ လူစာရင်းကို အပြောင်းအလဲ လုပ်ဖွယ်မရှိပါဘူး။
ရာသီအဖွင့်ပွဲဖြစ်လို့ နှစ်သင်းစလုံး အမှားခံမှာ မဟုတ်ပေမယ့် ကွန်မြူနတီ ဒိုင်းရထားတဲ့ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်က စိတ်ဓာတ် တက်နေတာတော့ အမှန်ပါ။ တစ်ခု သတိထားရမှာက အာဆင်နယ်ဟာ ရာသီ အဖွင့်ပွဲ တွေမှာ ရလဒ်ဆိုးနေတာပါ။ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်ကို ၄-၃ဂိုး၊ အဲ့ဒီမ တိုင်မီ ၀က်စ်ဟမ်းကိုလည်း ရှုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိ အာဆင်နယ် လူစာရင်းက ခါတိုင်းရာသီကထက် ပိုတောင့်တင်းသလို ခြေစွမ်းလည်း ထက်နေပါတယ်။ လက်စတာကလည်း အသင်းကြီးတွေနဲ့ဆို ခြေစွမ်းပိုင်း မဆိုးတာကြောင့် ဒီပွဲက အကြိတ်အနယ်ရှိမှာ သေချာပါတယ်။
-Ref; bbc sports