မင်းဘူး (စကု) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ကျင်းပ

 

မင်းဘူး(စကု)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေးကို ယနေ့ 10 .8. 2017 နေ့တွင် မင်းဘူး (စကု) မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းပါတီကော်မတီဝင် ဦးကျော်သူဦး ၊ တိုင်းအရံပါတီ ကော်မတီ ဦးအေးသူ၊ ခရိုင်ပါတီ ဥက္ကဌ ဒေါ်သီမာလှိုင်၊ မြို့နယ်ပါတီ ဥက္ကဌ ဦးကျော်ဝင်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှုး ဒေါ်စံပါယ်မင်းနှင့် ပါတီကော်မတီ ဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ကျေးရွာပါတီခေါင်းဆောင် များ တတ်ရောက်ပြီး ဗဟို/ တိုင်း/ ခရိုင်များမှ ညွှန်ကြားချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေးနှင့် ဆောင်ရွက်ပြီးစီးမှုများ တင်ပြဆွေးနွေးကြပြီး လစ်လပ်ပါတီကော်မတီများ တာဝန်ပေးအပ်နိုင် ရေး ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီးမြို့နယ်ပါတီကော်မတီ ဦးစံမောင်မှ တောင်သူလယ်သမား ရေးရာနှင့်ပတ်သက်သည့် ပညာပေးဗဟုသုတများအား ပြန်လည်မျှဝေခဲ့ ပြီး မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်ဌေးနှင့် ဦးအုန်းလှိုင်တို့မှ ပါတီကော်မ တီ ခန့်ထားရေး အကြံပြုဆွေးနွေးခဲ့ကြောင်း သိရပါသည်။

SaPal Min