ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း သမိုင်းဝင်းစေတီများ၏ မှတ်တမ်း စာအုပ်များနှင့် အ.မ.က ကျောင်းသူကျောင်းသားများအတွက် စာရေး ကိရိယာများလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း သည် ယနေ့ သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက ဇီးကုန်းမြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီ ငါးဆူဖြစ်သည့် လယ်မကျေးရွာရှိ ဖောင်တော်ဦးစေတီ၊ ကံညီကို သာပေါင်းရွာရှိ ပြည်တော်ဝင်စေတီ၊ ကန္တလီကျေးရွာရှိ မိုးသဲ စေတီ၊ ကဇင်းကြီးကျေးရွာရှိစေတီ၊စမ်းအိုင်ကျေးရွာရှိ စေတီတော်များ၏
မှတ်တမ်းစာအုပ်များအား သက်ဆိုင်ရာ စေတီတော်ဂေါပကများထံ ပေးအပ်လှူဒါန်းပြီး ပေါက်ပင်ဆိပ် အ.မ.ကနှင့် လယ်မ အ.မ.က ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများသို့ စာရေးကိရိယာများအား ပေးအပ်လှူဒါန်း ကုသိုလ်ပြုခဲ့ကြောင်း သတင်းရရှိသည်။