လေဘေးဒဏ်ကြောင့် နေအိမ်ပြိုကျ ပျက်စီး မိသားစုများအား လပွတ္တာပြည်ခိုင်ဖြိုးမှ ရေသန့်နှင့် အဟာရများ သွားရောက်လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ကုက္ကိုကျေးရွာအုပ်စု ကညင်ကွင်းကျေးရွာတွင် မေလ (၁၉) ရက်နေ့ ညနေ ၃ နာရီကျော်အချိန်က် လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် အိမ်ခြေ (၄၄) လုံး ပြိုကျပျက်စီးပြီး အိမ်ခြေ (၁၃၀) ခန့်မှာ အမိုးလန်ခြင်း၊ အခင်းအကာများ ပျက်စီးခြင်းနှင့် သစ်ပင်များပြိုလဲကာ လမ်းပိတ်ဆို့မှု များ ဖြစ်ပေါ်ခဲ့ရသည်။

အဆိုပါ ကျေးရွာရှိ ဘေးသင့်ပြည်သူများအား ကုက္ကိုလ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ကယ်ဆယ်ရေးစခန်း အဖြစ် ရွှေ့ပြောင်းပေးခဲ့ရာ လပွတ္တာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းဆွေ ဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင် များ၊ စည်းရုံးရေးမှူးများမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ပြီး မေလ (၂၀) ရက် နံနက်ပိုင်းက ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ ရေသန့်၊ ခေါက်ဆွဲခြောက် သွားရောက်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။

Photo : Okkar Kyaw