ရန်ကုန်ဈေးကွက်အတွင်းက အရောင်းသွက် Core i3 CPU သုံး Laptop(၃) မျိုး

အခုနောက်ပိုင်း Laptop တွေကို ကုန်တံဆိပ်အမည် အလေးထားရွေးချယ်ဝယ်ယူတာထက် ကျသင့်တန်ဖိုးနှင့် ၀ယ်ယူပြီးနောက်ပိုင်း ရရှိနိုင်မယ့် ၀န်ဆောင်မှုတွကို အသားပေးရွေးချယ်ဝယ်ယူမှု များလာပါတယ်။ ဒေါ်လာ ၄၀၀ မှ ဒေါ်လာ ၄၆၀တန်ဖိုးရှိ i3 CPU ပါဝင်တဲ့ ဘယ်လို Laptop အမှတ်တံဆိပ်မဆို အရောင်းသွက်လျက် ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်အတွင်းက အရောင်းသွက် Core i3 CPU သုံး Laptop (၃) မျိုး ကိုဖော်ပြပေး လိုက်ပါတယ်။

 

Acer E5 475G (i3)

ရန်ကုန်ဈေးကွက်အတွင်းမှာ ခုရက်ပိုင်း အရောင်းသွက်နေတဲ့ ProcessorIntel Core i3-6100U CPU တပ်ဆင်ထားတဲ့ Acer E5 575G Laptop ဖြစ်ပါတယ်။Window 10 Operating System စနစ်နဲ့ဖြစ်ပြီး မျက်နှာပြင် ၁၄ လက်မ ဖြစ်ပါတယ်။ Graphic အနေနဲ့ NVIDIA 940MX2GB ကို အသုံးပြုထားပါတယ်။ Memory 4GB D4 အမျိုးအစားနဲ့ ဖြစ်ပါတယ်။500GB hard drive ပါဝင်ပါတယ်။ 4-cell Li-ion ဘထ္ထရီကို တပ်ဆင်အသုံးပြု ထားပါတယ်။

Lenovo ideapad 310

Processor Intel Core i3-6100U CPU တပ်ဆင်ထားတဲ့ Lenovo ideapad 310 Laptop ဖြစ်ပါတယ်။ မျက်နှာပြင် ၁၄ လက်မ အရွယ်အစားဖြစ်ပြီး HD LED GLARE အမျိုးအစားဖြစ်ပါတယ်။ Graphic အနေနဲ့ NVIDIA GT 940M DDR3 2GB ကို အသုံးပြုထားပါတယ်။ Memory 4GB DDR4 2133 အမျိုးအစားနဲ့ ဖြစ်ပါတယ်။1TB hard drive ပါဝင်ပါတယ်။ 4-cell Li-ion ဘထ္ထရီကို တပ်ဆင်အသုံးပြု ထားပါတယ်။

DELL 5458

Core i3 5005U 2.0GHz Processor တပ်ဆင်ထားတဲ့ DELL 5458 Laptop ဖြစ်ပါတယ်။ မျက်နှာပြင် ၁၄ လက်မ အရွယ်အစားဖြစ်ပြီး HD LED LCD အမျိုးအစားဖြစ်ပါတယ်။ 4GB DDR4(2400MHz) ဖြစ်ပြီး DDD-R/W Super Multi DL ပါဝင်ပါတယ်။ 500GB STAT 5400rpm တပ်ဆင်ထားပါတယ်။ NVIDIA Geforce GTX920M 2GB Graphic နဲ့ဖြစ်ပါတယ်။ Webcam ၊ Card Reader ၊ HDMI Port, USB 3.0 Port များ ပါဝင် ပါတယ်။4-cell Long Li-ion ဘထ္ထရီကို တပ်ဆင်အသုံးပြုထားပါတယ်။