သပိတ်ကျင်း၌ တိုက်နယ်အလိုက် ပြည်ခိုင်ဖြိုးပါတီ ကွင်းဆင်းစည်းရုံး

 

မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်နှင့်အတွင်း ရေးမှူး ဦးမြင့်စိုးတို့ဦးဆောင်မှုဖြင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယခုလ ဒုတိယပတ်မှစတင်ပြီး တိုက်နယ်အလိုက်ကွင်းဆင်းစည်းရုံး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့အုပ်စုအလိုက်ခွဲ၍ ကွင်း ဆင်းဆောင်ရွက်ရာတွင် မြို့နယ် ပါတီ ကော်မတီဝင်ဦးကျော်အေး၊ မြို့နယ်ကော်မတီဝင်ဦးကျော်သိန်းစိုး၊ ပါတီ ကော်မတီဝင် ဦးလှိုင်မျိုးဝင်း ခေါင်းဆောင်သောအဖွဲ့အသီးသီးက ကွင်းဆင်းလျက် ပါတီဝင်အသစ်များ တိုးချဲ့စည်းရုံးရေး၊ ပါတီဝင်စိစစ်ရေး နှင့် နှစ်စဉ်ကြေး ကောက်ခံခြင်းလုပ်ငန်းများကို ကျေးရွာရှိရပ်ကျေး တာဝန်ခံများ၊ ရပ်ကျေးပါတီဝင်များနှင့်ရင်းနှီးစွာ တွေ့ဆုံပြီး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရာဇာမြင့်ဝင်း