ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်သမားရေးရာ တာဝန်ခံများ တွေ့ဆုံညှိနှိုင်း

ရန်ကုန်တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်အလုပ်သမားရေးရာတာဝန်ခံများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် အလုပ်သမားရေးရာ တာဝန်ခံ ဦးတင်ဝင်းနှင့် ခရိုင်လေးခရိုင်နှင့် မြို့နယ်များမှ အလုပ်သမားရေးရာ တာဝန်ခံများ တက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းက ပါတီရေးရာအလိုက် ဆောင်ရွက် ချက်၊ အားသာချက်၊ အားနည်းချက်များကို မြို့နယ်အလိုက် တင်ပြဆွေးနွေးကြရန်၊ ပါတီစည်းရုံးရေး၊ ပါတီဝင် အင်အားစိစစ်ရေးတို့ကို ဆောင်ရွက်ကြရန်နှင့် အလုပ်သမားရေးရာကိစ္စများကို သတင်းအချက်အလက် စုဆောင်းကြရန် မှာကြားသည်။

ထို့နောက် ဗဟိုကော်မတီဝင် ဦးတင်ဝင်းက အလုပ်သမားအလွှာ အမျိုးအစားအလိုက် ခွဲခြားထားရန် အလုပ် သမားအခွင့်အရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန်၊ အလွှာအလိုက် အမာခံအင်အားများ စုစည်းထား ရန်နှင့် ဌာနချုပ်မှညွှန် ကြားထားသည့် စာတမ်းများကို ခေါင်းစဉ်အလိုက် ပြုစုထားကြရန် မှာကြားပြီး တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်တာဝန်ခံများက ပြန်လည်တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)