ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ တွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါက်တာစန်းစန်းနွယ် နှင့် ပခုက္ကူခရိုင်အတွင်းရှိ (ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ) မြိုနယ်များရှိ အမျိုးသမီး ရေးရာအဖွဲ့များ တွေဆုံပွဲကို မေလ (၁၅)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပခုက္ကူခရိုင်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ မိမိတို့
မြိုနယ်အလိုက် ဆောင်ရွက်ထားရှိမှုများကိုတ င်ပြခဲ့ကြသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး (အမျိုးသမီးရေးရာ တာဝန်ခံ) ဒေါက်တာ စန်းစန်းနွယ်မှ အမျိုး သမီးများ၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ ဆောင်ရွက်ထားရှိမည့် အချက်များ နှင့် ပက်သက်ပြီး အသေးစိတ် ဆွေးနွေး အားပေးစကားပြော ကြားခဲ့ပါသည်။

အဆိုပါ အမျိုးသမီးရေးရာ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့် တိုင်းပါတီကော်မတီဝင်များ တက်ရောက် ချီးမြှင့်အားပေးခဲ့ကြပြီး တွေဆုံပွဲအခမ်းအနားကို နံနက် (၁၁) နာရီခွဲ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

yawminthar(pku)