ကမ္ဘာလုံးဆိုင်ရာ အကြီးဆုံး ဆိုင်ဘာတိုက်ခိုက်မှုတွင် ရုရှမပါဝင်ဟု ပူတင်ငြင်းဆို

နိုင်ငံပေါင်း ၁၅၀ ကျော် ကြုံတွေ့လိုက်ရသည့် ကမ္ဘာလုံးဆိုင်ရာ အကြီးဆုံး ဆိုင်ဘာတိုက်ခိုက်မှုကြီးကို ဆိုင်ဘာ လုံခြုံရေးတာဝန်ရှိသူများ၏ တုံ့ပြန်ဆောင်ရွက်မှုကြောင့် ဥရောပ၌ အဆင့်လျှော့ကျသွားပြီဖြစ်သော်လည်း စိုးရိမ်မှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံများစွာ၏ ဆိုင်ဘာတိုက်ခိုက်မှုများ ကျုးလွန်သည် စွပ်စွဲခံရသော ရုရှနိုင်ငံမှာ ကွန်ပြူတာထောင်သောင်းပေါင်းမျာစွာ တိုက်ခိုက်ခံရသည့် ယခုတိုက်ခိုက်မှုကြီးတွင် ပါဝင်ခြင်းမရှိဟု သမ္မတ ပူတင် က ငြင်းဆန်သည်။

“မိုက်ခရိုဆော့ဖ်ရဲ့ ခေါင်းဆောင်ပိုင်းတွေက တိုက်ရိုက်ဖော်ပြကြတယ်။ ခုတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ရဲ့ ရင်းမြစ်ဟာ အမေရိကန်အထူးအဖွဲ့တွေဆီက ရင်းမြစ်ဖြစ်တယ်ဆိုတာကိုပါ။” ဟု ပေကျင်းတွင် ကျင်းပချက်ရှိသော Belt and Road ထိပ်သီးညီလာခံ ပြင်ပန်း၌ ပူတင်က ပြောခဲ့သည်။

ယခုအကြီးဆုံး ဆိုင်ဘာတိုက်ခိုက်မှုသည် စိတ်ပူပန်သောက ဖြစ်စရာပင်ဖြစ်ကြောင်း၊ သို့သော်ရုရှတွင် ပြော လောက်စရာ အထိအခိုက်မရှိကြောင်း၊ ဟက်ကာများကို တန်ပြန်တိုက်ခိုက်သွားရေးအတွက် နိုင်ငံတကာ ဆွေးနွေးမှုများ အားချင်းလုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း ပူတင်က ပြောသည်။

“အကာအကွယ်စနစ်တစ်ရပ် ဖြစ်မြောက်အောင်ဖော်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။”ဟု ၎င်းကပြောခဲ့သည်။

Ref; AFP