ကမ္ဘာ့အဆင့် (၁) နေရာမှာ မာရေး ဆက်လက်ရပ်တည်၊ နာဒါးလ် အဆင့် ၄ နေရာထိ ခုန်တက်
မေ ၁၅ ရက်၊ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP) ရဲ့ အမျိုးသား တစ်ဦးချင်း အဆင့်သတ်မှတ်ချက်မှာ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ကမ္ဘာ့အဆင့် ၁ နေရာမှာ ဆက်လက်ဦးဆောင်နေပြီး စပိန်ကစားသမား ရာဖေးလ်နာဒါးလ်ကတော့ အဆင့် ၄ နေရာအထိ ခုန်တက် လာပါတယ်။
တနင်္ဂနွေနေ့က မက်ဒရစ်အိုပင်း ဗိုလ်လုပွဲမှာ အသက် ၃၀ နှစ်အရွယ် နာဒါးလ်ဟာ ပြိုင်ဘက် သြစတြီးယား ကစားသမား ဒေါ်မနစ်သိမ်းကို အနိုင်ရရှိခဲ့တာကြောင့် သူ့အတွက် ၅ ကြိမ်မြောက် မက်ဒရစ်အိုပင်း ဆုဖလား လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆားဗီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်က အဆင့် ၂ နေရာ၊ သူ့အနောက်မှာတော့ ဆွစ်ဇလန် ကစားသမား ဝေါ်ရီကာက အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ
(၁) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ၁၀,၃၆၀
(၂) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၆,၈၄၅
(၃) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၆၀၅
(၄) ရာဖေးလ် နာဒါးလ် (စပိန်) ရမှတ် ၅,၁၉၅
(၅) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၅,၀၃၅
(၆) ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၁၈၀
(၇) ဒေါမနစ်သိမ်း (သြစတြီးယား) ရမှတ် ၄,၀၃၅
(၈) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၃,၇၃၅
(၉) နီရှီကိုရီ (ဂျပန်) ရမှတ် ၃,၄၇၀
(၁၀) ဒေးဗစ် ဂေါ်ဖင် (ဘယ်လ်ဂျီယံ) ရမှတ် ၃,၀၅၅