Android ဖုန်းကို လုံခြုံရေး ကင်မရာ တစ်လုံးအဖြစ် အသုံးပြုခြင်း

စမတ်ဖုန်းကို လုံခြုံရေး ကင်မရာလိုမျိုး အသုံးပြုနိုင်ပါတယ်။ ဒီနည်းကို Android နဲ့ iOS ဖုန်းနှစ်မျိုးလုံးမှာ သုံးနိုင်ပါတယ်။ ခုတော့ Android ကိုသုံးပြီး ပြုလုပ်ပုံကို ဖော်ပြပေးသွားပါမယ်။ ဒီစနစ်ကို သုံးဖို့အတွက် ဖုန်းတွေမှာ အွန်လိုင်း ချိတ်ဆက်ထားဖို့လိုမှာ ဖြစ်ပါတယ်။

IP Webcam လိုသုံးနိုင်တဲ့ Android app တွေများစွာရှိပါ တယ်။ အဲဒီထဲကမှ AtHome Video Streamer နဲ့ Camera App ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လုံခြုံရေးကင်မရာအနေနဲ့ သုံးမယ့်ဖုန်းထဲမှာ AtHome Video Streamer app ကို Install လုပ်ပါ။ ရိုက်ကူးသမျှကို ကြည့်ဖို့အတွက် ကြည့်မယ့်ဖုန်းထဲ မှာ AtHome Camera app ကို Install လုပ်ထားပါ။ Install လုပ်ပြီးရင်တော့ ဖုန်းရဲ့ Screen ပေါ်မှာ ခုလို icon ပေါ်လာမှာဖြစ်ပြီး တစ်ချက်နှိပ် ဖွင့်လိုက်ပါ။ Start now ကိုနှိပ်လိုက်ပါ။ အောက်ဖော်ပြပါ ပုံအတိုင်းပေါ်လာမှာ ဖြစ်ပါတယ်။  Live ကင်မရာစနစ် ပွင့်လာမှာဖြစ်ပြီး ညာဘက်မှာပေါ်လာတဲ့ အကွက်ထဲက CID code, user -name, password စတာတွေကတော့ ပြန်ကြည့်တဲ့ဖုန်းမှာ ထည့် သွင်းပေးဖို့ လိုအပ်မယ့်အချက် ဖြစ်ပါတယ်။

username, password, CID နံပါတ်တွေကို မှတ်ထားပြီးသုံးနိုင်သလို ကိုယ်ပိုင် password, username တွေကို ကိုယ်တိုင်အသစ် ပြန်လုပ်လည်း ရပါတယ်။ ဘယ်ဘက်ထောင့် အပေါ်နားက Menu ကိုနှိပ်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး username, pass-word တွေကို မိမိစိတ်ကြိုက် ပြောင်းလိုက်ပါ။ ပြီးရင်တော့ Change ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ CID နံပါတ်ကို ချမှတ်ထားလိုက်ပါ။ တခြားဖုန်းက ပြန်ကြည့်ဖို့ အတွက် လိုအပ် CID နံပါတ် လိုအပ်မှာဖြစ်ပါတယ်။

လုံခြုံရေး ကင်မရာအနေနဲ့ သုံးမယ့်နေရာမှာ ဖုန်းကိုသေချာ နေရာချလိုက်ပါ။ ဒါဆိုရင်တော့ ကင်မရာအနေနဲ့ အသုံးဖို့အတွက် ပြင်ဆင်မှုပြီးပါပြီ။ ဆက်ပြီးတော့ ကင်မရာကို စောင့်ကြည့်မယ့် ဖုန်းထဲက AtHome Camera app ကိုဖွင့်လိုက်ပါ။ အောက်ဖော်ပြပါပုံအတိုင်း ပွင့်လာမှာဖြစ်ပြီး ဖုန်းနှစ်လုံးချိတ် ဆက်ဖို့အတွက် Add by CID ဆို တဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ။ ပေါ်လာတဲ့ menu ထဲမှာ မှတ်ထားတဲ့ CID နံပါတ်နဲ့ Username, password တွေကို မှန်ကန်စွာ ထည့်သွင်းပေးပါ။ ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ လုံခြုံရေးကင်မရာ အနေနဲ့သုံးထားတဲ့ ဖုန်းကရိုက်ကူးသမျှကို ကိုယ့်ဖုန်းကနေ ကြည့်​ရှုနိုင်ပြီဖြစ် ပါတယ်။ နေရာနှစ်နေရာ သုံးနေရာမှာ သုံးထားမယ်ဆိုရင်တော့ လုံခြုံရေးကင်မရာအနေနဲ့ သုံးတဲ့ဖုန်းက CID code, username, password မှန်သမျှကို ပြန်ကြည့်တဲ့ ဖုန်းထဲမှာ တစ်လုံးစီအလိုက် ထည့်ပေးရမှာ ဖြစ်ပါ တယ်။ ပြီးရင်တော့ Back ခလုတ်ကိုနှိပ်ပြီး ထွက်လိုက်ပါ။ ဖုန်းနဲ့ကြည့်ဖို့အတွက် ချိတ်ဆက်ထားတဲ့ ကင်မရာကို တွေ့ရမှာဖြစ်ပါတယ်။ တစ်လုံး ထက်မက သုံးထားတယ် ဆိုရင်တော့ ၁ ၊ ၂ ၊ ၃ ဆိုပြီးပေါ် နေမှာဖြစ်ပါတယ်။ Live ကြည့်ဖို့အတွက် ကိုယ်ကြည့်ချင်တဲ့ ကင်မရာကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ လုံခြုံရေးကင်မရာ အဖြစ် ထားထားတဲ့ ဖုန်းရဲ့နေရာက လှုပ်ရှားမှုတွေကို ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။