၂၀၂၀ ရွေးကောက်ပွဲ အတွက် မဲစာရင်းများကို တစ်အိမ်တက်ဆင်း စနစ်ဖြင့် ပြန်လည် ကောက်ယူမည်

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းတွေဟာ ပြည့်စုံမှန်ကန်မှုမရှိသေးတဲ့အတွက် (၂၀၂၀) ပါတီစုံရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို (၂၀၁၈)ခုနှစ်မှာ ပြန်လည်ကောက် ယူဖို့ ပြင်ဆင်နေ တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

(၂၀၂၀)ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကိုတစ်အိမ်တက်ဆင်းစနစ်နဲ့ ပြန်လည် ကောက်ယူသွား နိုင်ဖို့ အကူအညီပေးမယ့် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

ဧပြီလ(၁)ရက်က ကျင်းပခဲ့တဲ့ (၂၀၁၇) ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေဟာ (၂၀၁၅) အထွေထွေရွေးကောက်ပွဲမဲစာရင်းကို အခြေခံပြီး တစ်အိမ်တက်ဆင်းစနစ်နဲ့ ကောက်ယူထား တာဆိုပေမယ့် ပြည့်စုံမှန်ကန်မှု မရှိသေးဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲစာရင်းနဲ့ပတ်သက်တဲ့ ပြဿနာကြီးကြီးမားမားဖြစ်ပွားခဲ့တာ မရှိဘူးလို့ မေလ (၁၁)ရက်က ရန်ကုန်မြို့ရှိ ပက်ခ်ရွိုင်ရယ်ဟိုတယ်မှာ ကျင်းပတဲ့ (၂၀၁၇) ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာ ပြည်လည်သုံးသပ်ခြင်းဖိုရမ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲက ရရှိခဲ့တဲ့ အားနည်းချက်၊ အားသာ ချက်တွေကို ပြန်လည်သုံးသပ်ပြီး လာမယ့် (၂၀၂၀) ရွေးကောက်ပွဲမှာ မဲစာရင်း ပြည့်စုံမှန်ကန်စေဖို့နဲ့ ရွေးကောက်ပွဲကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

Central News Bureau