** ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ​ ဦးသန်း​ဌေး​ပြော​သော အတိုက်​အခံ နိုင်​ငံ​ရေးဆိုသည်​မှာ**

 

ဒီနေရာမှာ ကျွန်တော်က ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဆိုတော့ ပြည်ခိုင်ဖြိုးပါတီက အတိုက်အခံမလုပ် တတ်ဘူးဆိုတဲ့ ဝေဖန်ချက်ကို အရင်ဖြေချင်တယ်။ အရင်ရှင်းပြချင်တယ်။ ဒီလိုဆိုရင် ကျွန်တော်က ပြန်မေးမယ်။ အဲလိုဝေဖန်တဲ့ပုဂ္ဂိုလ်တွေကအတိုက် အခံလုပ်ရပ်ဆိုတာ ဘာကိုပြောတာလဲ၊ သူတို့ ဘယ်လိုနားလည်ထားသလဲ။ အတိုက်အခံလုပ် ခြင်းဆိုတာက ဘယ်အလုပ်ကိုလုပ်မှ ဘယ်စကား ကိုပြောမှဖြစ်တယ်ဆိုတဲ့ပြဋ္ဌာန်းချက်နဲ့ သတ်မှတ် ချက်ရှိသလား ကျွန်တော်က ပြန်မေးချင်တယ်။ ဒီလိုဆိုရင် ကျွန်တော်နားလည်ထားတဲ့ နိုင်ငံရေး လုပ်ငန်းဆိုတာ နိုင်ငံသားတွေရဲ့ဘဝ လုံခြုံအေး ချမ်းရေး၊ စားဝတ်နေမှုပြေလည်ရေး၊ ဥပဒေက ပေးထားတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ဥပဒေနဲ့ အညီရရှိခံစားနိုင်ရေးအတွက် ပရဟိတစိတ်ဓာတ် လူမှုရေးအခြေခံတဲ့လုပ်ဆောင်ချက်သာ နိုင်ငံရေး ဖြစ်တယ်။ *