ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့မှ ကိုယ်စားလှယ်များကိုလက်ခံတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့မှ Mr.Ghassan Salame ခေါင်းဆောင်သောကိုယ်စား လှယ်များကို ပါတီဌာနချုပ်(ရန်ကုန်)တွင် ယနေ့မွန်းလွဲ ၃ နာရီက လက်ခံတွေ့ဆုံ ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြော ကြားခဲ့ပြီး
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Ghassam Salame က ကြား ဖြတ်အစီရင်ခံစာတင်သွင်းခဲ့မှုနှင့် ကော်မရှင်၏ဆောင်ရွက်ချက်များ ကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ပါတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ကော်မရှင်ဖွဲ့စည်းမှုနှင့်ပတ်သက်၍ မိမိတို့ပါတီ၏သဘောထားနှင့် ရပ်တည်ချက်များကို ကြေညာချက်များထုတ်ပြန်ထားခဲ့ပြီးဖြစ်ရာ ယင်းသဘောထားများအတိုင်းသာ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ပြတ်ပြတ်သားသားထုတ်ပြန်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများအား ဖြေရှင်းဆောင် ရွက်ရာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရသာ ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း၊ ယင်းဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူသည် နိုင်ငံတော်မှချမှတ်ထားသော တည်ဆဲဥပဒေများအား တိကျစွာ လိုက်နာရမည်ဖြစ်ကြောင်း၊ ဘာသာရေးအကြောင်းပြချက်ဖြင့် နိုင်ငံ သား တစ်ဦးတစ်ယောက်ထက်ပို၍ အခွင့်အရေးရရှိမည်မဟုတ် ကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ ဘင်္ဂါလီများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြု ရေးဆောင်ရွက်ရာတွင် နိုင်ငံသားဖြစ်မှုအခွင့်အရေးထက် ပဋိပက္ခ ဖြစ်မှုကို ဦးတည်နေသော လူမျိုးအမည်ပြောင်းလဲရေးအား ရှေ့တန်း တင်လာသဖြင့် နိုင်ငံသားစိစစ်ရေးကိစ္စများ ကြန့်ကြာနေခြင်းဖြစ် ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် များဖြစ်သော ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့ တက်ရောက်ခဲ့ကြသည်။