ဧပြီလအတွင်း မြန်မာကုန်သွယ်မှု လိုငွေ ဒေါ်လာသန်း သုံးရာကျော်ရှိ

ယခုဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့ မှ ၂၈ ရက်နေ့အထိ (တစ်လအတွင်း) ကုန်သွယ်မှု လိုငွေပမာဏသည် အမေရိကန်ဒေါ်လာ ၃၁၅ သန်းအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ် မှုကိန်းဂဏန်းများအရ သိရသည်။

အဆိုပါပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူကထက် အမေရိကန်ဒေါ်လာ ၁၄ သန်းခန့် ပိုမိုများပြား နေခြင်းဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူကထက် ပို့ကုန်နှင့် သွင်းကုန်ပမာဏမှာလည်း များပြားလျက် ရှိကြောင်း ယင်းကိန်းဂဏန်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း သွင်းကုန်ပမာဏ မြင့်တက်၍ ပို့ကုန်ပမာဏ နည်းပါးနေခြင်းကြောင့် ကုန်သွယ်မှုလိုငွေ များပြားနေခြင်းဖြစ်ပြီး သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၀၉၀ ကျော်ထိရှိကာ ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၇၇၆ သန်းကျော်ရှိကြောင်း စီးပွား/ကူးသန်းထံမှ သိရသည်။

ထို့ပြင် ပြီးခဲ့သည့်ဘဏ္ဍာနှစ် တစ်လအတွင်းကထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ သန်း ၃၉၀ နီးပါးထိ ပိုမိုခဲ့ပြီး နယ်စပ်ဘက်မှ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ထိ ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ကုန်သွယ်မှုလိုငွေပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၅၅၀ဝ နီးပါးအထိရှိခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က လိုငွေပမာဏ အမေရိကန် ဒေါ်လာသန်း ၅၃၃၀ ရှိခဲ့သည်။

# The Voice