အမေရိကန်စင်တာနှင့် သံရုံးသို့ လာရောက်လေ့လာသူများကို လက်ပ်တော့ကွန်ပျူတာ ယူဆောင်ခွင့် မပြုတော့ဟု ထုတ်ပြန်

အမေရိကန်သံရုံးနှင့် အမေရိကန်စင်တာသို့ လာရောက်သူများကို သက်ဆိုင်ရာ ဝင်းအတွင်းသို့ ဝင်ရောက် ရာတွင် လက်ပ်တော့   ကွန်ပျူတာများ ယူဆောင်ခွင့် ပြုတော့မည်မဟုတ်ကြောင်း အမေရိကန်စင်တာ (ရန်ကုန်) က မေလ ၁၃ ရက်၌ သတင်းထုတ်ပြန်သည်။

မေလ ၁၅ ရက်ကစတင်ကာ အမေရိကန်သံရုံးနှင့် အမေရိကန်စင်တာသို့ လာရောက်သူများအနေဖြင့် သက်ဆိုင်ရာ ဝင်းအတွင်းသို့ ဝင်ရောက်ရာတွင် လက်ပ်တော့ကွန်ပျူတာများယူ ဆောင်ခွင့်ပြုတော့မည်မဟုတ် ကြောင်း သံရုံး၏ တရားဝင် ဖေ့စ် ဘွတ်ခ်၌ ထုတ်ပြန်ထားသည်။

‘‘အဓိကကတော့ လုံခြုံရေး အခြေအနေဆိုင်ရာကြောင့်ပါ။ ဒါကြောင့် ကိစ္စရှိလို့လာမယ်ဆိုရင် ဖုန်းတွေ၊ လက်ပ်တော့တွေ ယူလာလို့ မရတော့ပါဘူး။ လုံခြုံ ရေးဂိတ်များမှာလည်း ထားရှိခွင့် မပြုတော့ပါဘူး’’ ဟု အမေရိကန်စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုထုတ်ပြန်သည့် စည်းကမ်းသည်  အမေရိကန်သံရုံး ကောင်စစ်ဌာန ဧည့်သည်များ ဝင်ထွက်ရာတွင် အသုံးပြုသည့် ဂိတ်ပေါက်လည်း အကျုံးဝင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် သံရုံးလုံခြုံရေး ဝန်ထမ်းများက အီလက်ထရွန် နစ်ပစ္စည်းများကို လုံခြုံရေးဂိတ်များ၌ သိမ်းဆည်းပေး ထားခြင်းကို လည်း ခွင့်ပြုတော့မည်မဟုတ် ကြောင်း ဖော်ပြထားသည်။

ဆဲလ်ဖုန်းများ၊ စမတ်ဖုန်းများ၊ အိုင်ပေါ့များ၊ အမ်ပီသရီးများ၊ အိုင်ပက်များ၊ တက်ဘလက်များ၊ လက်ကိုင်ဂိမ်း စက်များ၊ စမတ်နာရီများ၊ ခန္ဓာကိုယ်၌ တပ် ဆင်၍ရသော ကျန်းမာရေးစက် ကိရိယာများ အပါအဝင် တစ်ကိုယ် ရေသုံး အီလက်ထရွန်နစ် ပစ္စည်းများကို ယူဆောင်လာခြင်း မပြုကြပါရန် (သို့မဟုတ်) ကန့်သတ်၍ ယူဆောင် လာရန် အမေရိကန်စင်တာ (ရန်ကုန်)က ထုတ်ပြန်ခဲ့သည်။

တစ်ကိုယ်ရေသုံး အီလက်ထရွန်နစ်ပစ္စည်;များကို ကန့်သတ်၍ ယူဆောင်လာရန်ဆိုခြင်းအပေါ် ရှင်းရှင်းလင်း လင်း သိလိုကြောင်း သံရုံးဖေ့စ်ဘွတ်ခ်တွင် မေးမြန်းမှုများရှိ သော်လည်း အသေးစိတ် ရှင်းပြထားခြင်းမရှိပေ။

# 7 Day