လူငယ်ရေးရာအဖွဲ့မှကြီးမှူးပြုလုပ်သည့်ကိုယ်လုံပညာ(သိုင်းပညာ)ဖွင့်ပွဲကျင်းပ
မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလူငယ် ရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကိုယ်လုံပညာ(သိုင်းပညာ)သင်တန်း (၂/၂ဝ၁၇)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ဘဟဲ ကျေးရွာအခြေစိုက်စခန်း၌ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ မြို့နယ်လူငယ်ရေးရာ ဥက္ကဋ္ဌ ဦးစိုင်းမောင်မောင်ကျော်၊ စည်းမှူးနှင့် အဖွဲ့ဝင်များ၊ရပ်မိရပ်ဖ များ သင်တန်းဆရာနှင့်သင်တန်း သားများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ်ပါတီ ဥက္ကဋ္ဌက ယခုဖွင့်လှစ်လိုက်သော သင်တန်းသည်ဒုတိယအကြိမ်ဖြစ် ပါကြောင်း၊ သင်တန်းမှပို့ချလိုက် သည့်သင်ခန်းစာများကိုတတ်ကျွမ်း အောင်သင်ယူကြစေလိုကြောင်း၊ မိမိတို့ပါတီအနေဖြင့် တိမ်ကော ပျောက်ကွယ်လုဖြစ်နေသော ရိုးရာ အတတ်ပညာအား ပြန်လည်ဖော် ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ သင် တန်းသားများအနေဖြင့် သင်တန်း က ပို့ချလိုက်သည့် သင်ခန်းစာ များသည်သူတစ်ပါးအား ထိပါးရန် ပြုခြင်းမပြုဘဲ မိမိအပေါ်ကျရောက် လာသည့် အန္တရာယ်ကို ကာကွယ် ရန်သာဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ခြင်းအားဖြင့် မိတ်ဆွေ သစ်များရရှိပြီး ဒေသအကျိုးလူ ထုအကျိုးကို စုပေါင်းဆောင်ရွက် တတ်မှာ ဖြစ်ကြောင်းပြောကြားခဲ့ သည်။ သင်တန်းသို့ သင်တန်းသား ၂ဝ တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ၁ဝ ရက်ခန့်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ဇော်လွင်(မဘိမ်း)