ပြည်ခိုင်ဖြိုးပါတီဗဟိုအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ထားဝယ်မြို့တွင် ပါတီဝင်များနှင့်ရပ်မိရပ်ဖတို့အားတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးတို့သည် ယမန်နေ့ နံနက် ၁ဝနာရီတွင် ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌တွေ့ဆုံ ပွဲအခမ်းအနားကျင်းပခဲ့သည်။
တွေ့ဆုံပွဲသို့ ပါတီဗဟိုကော်မ တီဝင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးနေမျိုးနှင့် ကော်မတီဝင်များ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်တို့မှ ဥက္ကဋ္ဌများ နှင့်အတွင်းရေးမှူးများ၊ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ် တို့မှပါတီဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ ရပ်မိရပ်ဖများစုစုပေါင်း ၆၂ ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ ပါတီဗဟိုအထွေထွေအတွင်းရေးမှူးက ပါတီ၏ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများ၊ပါတီဝင်အင်အားကျစ်လျစ်ခိုင်မာရေး၊ စည်းရုံးရေး ကိစ္စရပ်များကို လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ လစ်လပ်နေသော တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနေရာ ပြန်လည်ရွေးချယ်ရာတွင်လျာထားသူ များစာရင်းကိုဆွေးနွေးတင်ပြကြသည်။ထို့နောက်ရပ်မိရပ်ဖများနှင့်ပါတီဝင် များ၏ဆွေးနွေးတင်ပြချက်များကို ပါတီဗဟိုအထွေထွေအတွင်းရေးမှူးက ပြန်လည်ဆွေးနွေးမှာကြားပြီး တွေ့ဆုံပွဲပထမပိုင်းကို ရပ်နားခဲ့သည်။
ဆက်လက်၍ မွန်းလွဲ ၂ နာရီတွင် လစ်လပ်နေသော တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနေရာကို ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ရွေးချယ်ကြရာ ရှေးဦးစွာ ရွေးချယ်ရေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်း ခြင်း၊ ပါတီဥက္ကဋ္ဌ နေရာလျာထားသူများစာရင်းကိုကြေညာခြင်း၊ ဆန္ဒပြု မဲပေးပိုင်ခွင့်ရှိသူပါတီဝင်များက ဆန္ဒပြုမဲပေးခြင်းတို့ကို အဆင့်ဆင့်ပြုလုပ် ကာ ဆန္ဒပြုမဲအများဆုံးရရှိသူသုံးဦးကို လျာထားအတည်ပြုခဲ့သည်။ ထို့ နောက်ပါတီဗဟိုအထွေထွေအတွင်းရေးမှူးက နိဂုံးချုပ်အမှာစကားပြော ကြားကာ တွေ့ဆုံပွဲကိုရုပ်သိမ်းခဲ့သည်။
ထို့အပြင် ယခုလ ၈ရက် နံနက် ၉နာရီတွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် တိုင်းဒေသကြီးပါတီရုံး အစည်းအဝေး ခန်းမ၌ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့မှ ပါတီဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများ၊ မြို့နယ် ၁ဝ မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ပြုံးချို(ထားဝယ်)