ခေတ်သစ်ပိုးလမ်းမကြီးသည် ကမ္ဘာ့ စီးပွားရေးတွင် သက်ဝင်လှုပ်ရှားမှုအသစ်ကို ဖြစ်ပေါ်ပေးမည် ဖြစ်ကြောင်း တရုတ်စီးပွားရေးဒုဝန်ကြီးပြော

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုသည် ကမ္ဘာ့စီးပွားရေးမောင်းနှင်အားများ နှင့် ပူးပေါင်းပါဝင်သည့် နိုင်ငံ များသို့ သက်ဝင်လှုပ်ရှားမှု အသစ်တစ်ရပ်ကို ယူဆောင်ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက မေလ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒဖြင့် စီးပွားရေးချိန်ခွင်လျှာ မညီမျှမှု ဖြစ်ပေါ်နေသည်ကို အချို့ နိုင်ငံများက တုံ့ပြန်နေချိန်နှင့် အချို့နိုင်ငံများ စီးပွားရေးထိခိုက်နေချိန်တွင် ပိုးလမ်းမကြီး ဖော်ဆောင်မှု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချန်ခဲ့မင်(Qian Keming) က သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများစွာသည် ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံမှု နောက်ဆုံးအဆင့်မှ အကျိုး အမြတ်ခံစားခွင့် မရှိသလောက်ဖြစ်ခဲ့ရကြောင်း၊ ကမ္ဘာ့ဖြစ်စဉ်များတွင် အားလုံးပိုမိုပါဝင်နိုင်ရန်နှင့် ချိန်ခွင်လျှာ ညီမျှစေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် တန်တူဖြစ်မှုအတွက် အခွင့်အရေးများရရှိလာအောင် ပိုးလမ်းမကြီး ဖော်ဆောင်မှုက ဆောင်ကျဉ်းပေးမည်ဖြစ်ကြောင်း ၄င်း ကဆိုသည်။

ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများသည် ၎င်းတို့၏များစွာသော အရင်းအမြစ်များနှင့် အာမခံ ချက်များ ဖြည့်ဆည်းရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့တွင် ကြီးမားသော အခွင့်အလမ်းများရှိ သည်ကို မြင်တွေ ရကြောင်း ချန်ကဆိုသည်။

# Xinhua