ပရီမီယာလိဂ်မှာ လုပ်ခလစာ အမြင့်ဆုံးဖြစ်လာတဲ့ အီဘရာဟီမိုဗစ်ခ်ျ

ဒီနှစ်ရာသီမှာ မန်ယူနဲ့အတူ ခြေစွမ်းပြဂိုးတွေ သွင်းယူပေးခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဟာ ပရီမီယားလိဂ်မှာ လုပ်ခလစာ အမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။ သူဟာ တစ်ပတ်ကို ပေါင် ၃၆၇၆၄ဝ ရပြီး စုစုပေါင်း တစ်နှစ်အတွက် ပေါင် ၁၉ သန်း ရရှိမှာ ဖြစ်ပါတယ်။ ဂိုးသွင်းယူပေးနိုင်မှု ဆုကြေးအတွက် ပေါင် ၂ ဒသမ ၈၆ သန်းလည်း ရရှိမှာ ဖြစ်ပါတယ်။

 


ပေါ့ဂ်ဘာကတော့ တစ်လလုပ်ခ လစာ ပေါင် ၁၆၅၅၈၈ နဲ့ အခြေခံလစာ ပေါင် ၈ ဒသမ ၆၁ သန်း ရရှိပါတယ်။ နှစ်စဉ် ဆုကြေးငွေအဖြစ် ပေါင် ၃ ဒသမ ၄ သန်းလည်း ရရှိမှာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်ကနေ မန်ယူ ကို က္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ အီဘရာဟီ မိုဗစ်ခ်ျကတော့ အသက် ၃၅ နှစ်ရှိပြီ ဖြစ်တဲ့အတွက် အလွတ်ပြောင်းရွှေ့မှုနဲ့ မန်ယူကို ရောက်ရှိလာပါတယ်။ အီဘရာ ဟီမိုဗစ်ခ်ျအနေနဲ့ မန်ယူကို အစပွဲ ၃၁ ပွဲ ပါဝင်ကစားခဲ့ပြီး အမှတ်ပေးဇယား တတိယနေရာအထိ ပို့ပေးနိုင်ခဲ့ပါတယ်။
-Ref; Sky Soprts