အမရပူရပြည်ခိုင်ဖြိုးပါတီမှ ဒေါင်းရွေးကျေးရွာ ရွာဦးကျောင်း ဆွမ်း စားဆောင်ပြုပြင်ရန် အလှူငွေလှူဒါန်း၊ သက်ကြီးဘိုးဘွားများအား ကန်တော့

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်စောမြိုင်နှင်အဖွဲ့သည် မေလ (၅) ရက် နံနက်ပိုင်းက ဒေါင်းရွေးကျေးရွာ ရွာဦးကျောင်းသို့သွားရောက်၍ ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ရန် အတွက် မြို့နယ်ပါတီမှ လှူဒါန်းသော အလှူငွေ (၁၅၀၀၀၀ိ/-)အား ရွာဦးကျောင်းဆရာတော်ထံ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ထို့နောက် ဒေါင်းရွေးရွာရှိ အဖိုးဦးစိုးတေ အသက်(၉၀)နှစ်၊ အဖွား ဒေါ်သိန်းပို အသက်(၈၄)နှစ်၊ ရွှေပေါက်ပင်ကျေးရွာရှိ အဖိုး ဦးဘို အသက်(၈၅)နှစ်၊ မြအင်းကျေးရွာရှိ အဖွားဒေါ်သန်း အသက်(၁၀၂)နှစ်၊ အဖွားဒေါ်ချိုကြီး အသက်(၉၀)နှစ်၊ တောင်ကိုင်းကျေးရွာရှိ အဖွားဒေါ်လှမေ အသက်(၉၅)နှစ်တို့အား တစ်ဦးလျှင် မုန့်ပုံး၊ အိုဗာတင်းဗူး၊ ကော်ဖီမစ်၊ မျက်နှာသုတ်တစ်ဘက်၊ ယောဂီတစ်ဘက်နှင့် အလှူငွေ (၁၅၀၀၀ိ/-) စီဖြင့် သွားရောက်ကန်တော့ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး