ဘိုဂိုဟာရမ် အစွန်းရောက်များ ပြန်လွှတ်ပေးသည့် ကျောင်းသူများအား နိုင်ဂျီးရီးယားသမ္မတ လာရောက်တွေ့ဆုံ အားပေး

ဘိုဂိုဟာရမ်အစွန်းရောက်များက ၎င်းတို့ဖမ်းဆီးထားသည့် ကျောင်းသူများမှ ၈၂ ဦးကို ပြန်လွှတ်ပေးခဲ့ရာ နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီက လာရောက်တွေ့ဆုံအားပေးခဲ့သည်။

“ကျွန်တော်တို့ရဲ့ သြဇာအာဏာကို ဘိုဂိုဟာရမ် လက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ကျွန်တော်တို့ရဲ့ သမီးငယ်လေး တွေအားလုံး ပြန်လွတ်ရေးအတွက် အပြည့်အ၀ အသုံးချသွားဖို့ အမြဲတမ်းရှိနေပါတယ်။”ဟု ဘူဟာရီက တွစ်တာတွင် ရေးသားသည်။

ဘိုဂိုဟာရမ်အစွန်းရောက်များက ၂၀၁၄ ခုနှစ်အတွင်းက ကျောင်းသူစုစုပေါင်း ၂၇၆ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာက ကျောင်းသူ ၂၁ ဦးပါ အုပ်စုကို ပထမဆုံးအသုတ်အဖြစ် ဘိုဂိုဟာရ မ်တို့က ပြန်လွှတ်ပေးခဲ့သည်။

ယခု ကျောင်းသူ ၈၂ ဦးကို ပြန်လွှတ်ပေးသည်မှာ ဖမ်းမိထားသည့် ဘိုဂိုဟာရမ်တပ်မှူး ငါးဦးနှင့် အလဲ အလှယ်လုပ် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြန်လွှတ်လာသည့် ကျောင်းသူလေးများ၏ အပြောအရ ဖမ်းဆီးခံထားရစဉ် နေထိုင်မကောင်းဖြစ်၍ သေဆုံး သူများရှိကြောင်း သိရသည်။ တစ်ချို့ ကျောင်းသူလေးများမှာမူ ၎င်းအား ဖမ်းဆီးထားသူများ၏ ဘာသာရေး မှိုင်းတိုက်မှုကြောင့် အိမ်ပြန်မလာလိုတော့ကြောင်းလည်း သိရသည်။

ဘိုဂိုဟာရမ်အဖွဲ့သည် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ကျူးလွန်ရန်အတွက် မိန်းကလေးများကို အသုံးပြုနေသည် လူအခွင့်အရေးအုပ်စုများက ပြောသည်။

-Ref; AFP