မုဒုံမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်များ၏ နှစ်စဉ်ကြေးပေးသွင်းခြင်းနှင့် ရပ်/ကျေး လပတ်အစည်းအဝေး ပြုလုပ်
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မေ
(၇) ရက်နေ့ နံနက်( (၁၁း၀၀) နာရီချိန်မှ စတင်ကာ ရပ်/ကျေးလပတ်အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပါတီ ဥက္ကဌ ဦးကျော်ကျော်လွင်မှ ပြည်နယ်ပါတီရဲ့ လမ်းညွန်ချက်များ၊ ပါတီရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ချပြဆွေးနွေးကာ တက်ရောက်လာကြသူများမှ ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ရပ်/ကျေးခေါင်းဆောင်များမှ မိမိရပ်ကွက်၊ ကျေးရွာများ၏ ပါတီဝင်များမှရရှိသော ပါတီဝင်နှစ်စဉ်ကြေးများအား မြို့နယ်ပါတီ ဥက္ကဌ
ဦးကျော်ကျော်လွင်ထံ ပေးသွင်းခဲ့ကြသည်။
အဆိုပါအစည်းအဝေးကို ပြည်နယ်ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင်ကော်မတီဝင် ဦးမင်းအောင်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်လွင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ (၁၂း၃၀) နာရီချိန်တွင် ပြီးမြှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။