ဖလားသုံးလုံး လမ်းကြောင်းပေါ်ရှိ ဂျူဗင်တပ် စကူဒက်တို ဖလား စံချိန်တင် ဆွတ်ခူးနိုင်

ယမန်နေ့က ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ ရှေ့တစ်လှမ်းတိုးခဲ့သော ဂျူဗင်တပ်သည် ယခုသီ တင်းပတ်ကုန် ရလဒ်များက မျက်နှာသာပေးပါက ယခင်ကမရှိခဲ့သော စကူဒက်တို ဖလားခြောက်ကြိမ် ဆက်ရရှိသွားနိုင်သည်။

ဂျူဗင်တပ်သည် အီတလီ ဖလားဗိုလ်လုပွဲသို့ တက်ရောက် ခဲ့ပြီးဖြစ်ကာ လာဇီယိုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဂျူဗင်တပ်သည် ယခုနှစ်တွင် ၂၀၁၀ အင်တာမီလန်ကဲ့သို့ ဖလားသုံးလုံးရရန် အလား အလာကောင်းနေသည်။

‘‘ပွဲကြီးပွဲကောင်းတွေနဲ့ သီတင်းပတ်ပါ။ ဒါပေမဲ့ ကျွန် တော်တို့ အင်အားအပြည့်အ၀၊ စိတ်အားထက်သန်မှု အပြည့်နဲ့ ရင်ဆိုင်သွားပါမယ်’’ဟု ဂျူဗင် တပ်နောက်တန်းလူ ဂျီယာဂျီယို ချီရယ်လီနီက ပြောသည်။

ဂျူဗင်တပ်သည် စနေနေ့တွင် မြို့ခံပြိုင်ဘက် တိုရီနိုကိုအနိုင်ရပြီး နောက်တစ်နေ့၌ ရိုးမားက အေစီမီလန်ကို အနိုင်မရပါက ယခုရာသီအတွက် ပထမဆုံးဆုဖလားတစ်လုံး သိမ်းပိုက်နိုင်မည်ဖြစ်သည်။ ယင်းမှာ ခြောက်ကြိမ် ဆက် စီးရီးအေဖလားရရှိ သော စံချိန်လည်းဖြစ်လိမ့်မည်။

စီးရီးအေ ဘောလုံးပြိုင်ပွဲ ကို ၁၉၂၉ တွင် စတင်ထူထောင် ခဲ့ပြီးနောက် မည်သည့်အသင်းမျှ ခြောက်ကြိမ် ဆက်တိုက် စကူဒက် တိုချန်ပီယံမဖြစ်ခဲ့ပေ။ အင်တာမီလန်၊ တိုရီနိုနှင့် ဂျူဗင်တပ်တို့ ငါးကြိမ်ဆက် ရခဲ့ သော်လည်း ခြောက်ကြိမ် ဆက် တိုက်ဆိုသည်မှာ မရှိသေးပေ။

ယခုသီတင်းပတ်တွင် ဂျူဗင် တပ်စကူဒက်တိုဖလား မယူနိုင်လျှင်လည်း လာမည့်သီတင်းပတ် တနင်္ဂနွေနေ့၌ ရိုးမားအသင်းကို အနိုင်ယူပြီး ရယူနိုင်သည်။ ယင်းပွဲစဉ်သည် ပထမအကျော့တွင် ဂျူဗင်တပ်က ၂-၀ ဂိုးဖြင့် အ သာစီးရထားသော မိုနာကိုနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားပြီး ရက်အနည်း ငယ်အကြာ၌ ရောက်လာခြင်းဖြစ် သည်။

ချန်ပီယံလိဂ်တွင်သာ ဗိုလ် စွဲခဲ့ပါက ဂျူဗင်တပ်ဂိုးသမားကြီး ဘူဖွန်အတွက် ပြီးပြည့်စုံသွား မည်။ ၂၀၁၆ က အီတလီနှင့် ကမ္ဘာ့ဖလားရယူခဲ့သော ဘူဖွန်သည် ချန်ပီယံလိဂ်ဖလားကလွဲ၍ ဘောလုံးလောကရှိ ကျန်ဖလား အားလုံးလိုလို ရရှိခဲ့သည်။

Ref:Goal