ဗြိတိန်ဘုရင်မကြီး၏ ကြင်ရာတော် မင်းသားဖိလစ် တော်ဝင်ရာထူးမှ အနားယူမည်

ဗြိတိန်ဘုရင်မကြီး၏ ကြင်ရာတော် ခင်ပွန်းဖြစ်သူ အီဒင်ဘတ်မြို့စားကြီး မင်းသားဖိလစ်ဟာ လာမယ့် ၂၀၁၇ ဆောင်းဦးရာသီမှာ တော်ဝင်ရာထူးကနေ အနားယူတော့မှာ ဖြစ်တယ်လို့ ဘတ်ကင်ဟမ်နန်းတော်က မေ ၄ ရက်မှာ ကြေညာပါတယ်။

ဒါပေမယ့် သက်တော် ၉၅ နှစ်ရှိနေပြီဖြစ်တဲ့ မင်းသားဖိလစ်ဟာ တော်ဝင်ရာထူးက အနားယူသွားပေမယ့် အဖွဲ့အစည်းအသင်းအပင်းပေါင်း ၇၈၀ ကျော်ရဲ့ ထောက်ပံ့သူ ဒါမှမဟုတ် အကြီးအကဲအဖြစ် ရှိနေဦးမှာ ဖြစ်ပါတယ်။

“အီဒင်ဘတ်မြို့စားကြီးအနေနဲ့ ယခုနှစ်ဆောင်းဦးရာသီမှာ သူထမ်းဆောင်နေရသော တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်တော့မှာ မဟုတ်ကြောင်း” နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဗြိတိန် အာဏာရ ကွန်ဆာဗေးတစ်ပါတီ ဝန်ကြီးချုပ် ထရီဆာမေက “မြို့စားကြီးအနေနဲ့ တိုင်းပြည်၊ ဗြိတိန် နိုင်ငံတော်နဲ့ ဓနသဟာရနိုင်ငံတော်ကို ကိုယ်စားပြုသူဖြစ်ပါတယ်။”လို့ ကြေညာချက် ထုတ်လိုက်ပါတယ်။

အတိုက်အခံ လေဘာပါတီရဲ့ ခေါင်းဆောင် ဂျာရီမီကော်ဘင်းကလည်း “မင်းသားဖိလစ်ရဲ့ နိုင်ငံအတွက် အလုပ်အကျွေးပြုသွားတာအတွက် ကျေးဇူးတင်းမိကြောင်း၊ ရှေ့ဆက် အေချမ်းသာယာသော ဘဝကို ရရှိဖို့ ဆန္ဒပြုကြောင်း” ထုတ်ပြန်လိုက်ပါတယ်။

-Ref; AFP