ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆိုတာကို ဘူဖွန် သက်သေပြသွားတယ်လို့ ပြောလိုက်တဲ့ ဂျူဗီနည်းပြ အယ်လီဂရီ

မ​နေ့ညက Stade Louis II ကွင်းမှာမိုနာကိုအသင်းကို၂ဂိုးပြတ်​နဲ့အနိုင်​ရခဲ့ရာမှာပြိုင်​ဘက်​အသင်းရဲ့​​သေချာ​ပေါက်​ဂိုးရရှိမယ့်​အခွင့်​အ​ရေး ငါးကြိမ်​​လောက်​ကို အ​ကောင်းဆုံးလက်​စွမ်းပြ ကာကွယ်​သွားပြီး ချန်​ပီယံလိဂ်​မှာ​ခြောက်ပွဲဆက်​​ ပေးဂိုးမရှိမှတ်​တမ်းကို ရရှိခဲ့တဲ့ဂျူ​ဗင်​တပ်​ဂိုးသမား ဘူဖွန်​ဟာ ကမ္ဘာ့အ​ကောင်းဆုံး ဂိုးသမား ဆိုတာ သက်​​သေပြသွားခဲ့တယ်​လို့ နည်းပြအယ်​လီဂရီက​ ပြောသွားပါတယ်​။

အယ်​လီဂရီက “အ​ရေးကြီးပွဲစဉ်​​တွေကို​ ရောက်​လာပြီဆိုရင်​ ဘူဖွန်​ဟာ ထိပ်​တန်းလက်​စွမ်းကို အမြဲပြသလေ့ ရှိပါတယ်​။ သူဟာကမ္ဘာ့အ​ကောင်းဆုံးဂိုးသမားအဖြစ်​ ရှိ​နေ​သေးတယ်​ဆိုတာဒီပွဲမှာ သက်​​သေပြသွားခဲ့ပါတယ်​။ အကောင်းဆုံး ကစားသမား​တွေက သာဒီလိုည​တွေမှာ သူတို့ရဲ့အရည်​အ​သွေးသက်​​သေပြကြပါတယ်​၊

မိုနာကိုဟာအသင်း​ကောင်းတစ်​သင်းဖြစ်​ပြီး နည်းစနစ်​ပိုင်း​ကောင်းမွန်​လှပါတယ်​။ သူတို့ပွဲကို အ​ကောင်းဆုံး စတင်​နိုင်​ခဲ့ပြီး ဂိုးမရှိသ​ရေကျ​နေချိန်​မှာဘူဖွန်​ဟာအ​ကောင်းဆုံး ကာကွယ်​မှုပြုလုပ်​ခဲ့ရပါတယ်​။

ကျွန်​​တော်​တို့ဦး​ဆောင်​ထားနိုင်​ချိန်​မှာလည်း သူတို့အခွင့်​အ​ရေး​တွေ ရရှိခဲ့ပြီး ဘူဖွန်​ကပဲ ထပ်​မံကာကွယ်​မှု​တွေ ပြုလုပ်​သွားခဲ့ပါတယ်​။

နောက်​ခံလူ​တွေကလည်း အ​ကောင်းဆုံးကစားသွားနိုင်​ကြပြီး ကျွန်​​တော့်​ကစားသမား​တွေ ဘယ်​​လောက်​​ကောင်းတယ်​ဆိုတာ ဒီပွဲမှာပြသသွားခဲ့ပါတယ်​။ ကျွန်​​တော်​အလွန်​​ပျော်​ရွှင်​မိပါတယ်​။” လို့​ပြောခဲ့ပါတယ်​။

Ref- Tutto Sports