ရာသီဥတုပူလာတဲ့အခါ ဒီလို အစားအစာတွေ မစားသင့်တော့

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကိုရောက်လို့လာရင် အားလုံးကအေးချမ်းတဲ့နေရာမှာနေ၊ အနားယူပြီး အစား အသောက်ကောင်းကောင်းကို သုံးဆောင်ချင်ကြမှာပါပဲ။ ဒါပေမယ့် Food Republic ရဲ့အဆိုအရ အချို့အစား အသောက်တွေဟာ အပူချိန်ကြောင့်ဖြစ်တဲ့ပြသနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ရှောင် ရှားဖို့နဲ့ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ချိန်ဆကြည့်ဖို့ အဲဒီ့အစားအသောက်စာရင်းကို လေ့လာကြည့်ပါ။

၁။ အနံ့အရသာပြင်းတဲ့ အစားအသောက်များ

အနံ့အရသာပြင်းတဲ့ အစားအသောက်တွေမှာ တွေ့ရတဲ့ capsaicin ဓာတ်ကို စားသုံးမှုဟာ ခဏတာ ခန္ဓာကိုယ် အပူချိန်လွန်ကဲမှုနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ပြင်ပမှာ အရမ်းပူနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းက အပူ ချိန်ကို လျော့နေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသင့်ပါတယ်။ အခြားတစ်နည်းနဲ့ပြောရရင်တော့ ပူစပ်တဲ့ အချဉ်ရည်တွေကို အလွန်အကျွံစားသုံးနေတာက ရပ်တန့်ဖို့ဖြစ်ပါတယ်။

၂။ ဆီးရွှင်စေတဲ့ အစားအသောက်များ

အမြဲရေဓာတ်နဲ့ပြည့်ဝနေတာကို သင်လိုချင်မှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲကရေတွေကို ထုတ်ပစ်မယ့် အစားအသောက်တွေကို ရှောင်ဖို့အကြံပြုပါရစေ။ အဲဒီ့အစားအသောက်တွေမှာတော့ သင့်ခန္ဓာကိုယ်ကို အလားတူသက်ရောက်မှုဖြစ်စေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ သရက်သီး၊ စမုန်နက်၊ အာတီချုပ်နဲ့ ကညွတ်ရွက်တွေ ပါဝင်ပါတယ်။

၃။ ပရိုတိန်းပါဝင်မှုများတဲ့ အစားအသောက်များ

ပရိုတိန်းကို အစားခြေဖျက်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာ အလုပ်အများကြီးလုပ်ဖို့ လိုအပ်ပြီး thermogenesis လို့ အမည်ရတဲ့ဖြစ်စဉ်မှာ အပူကိုဖြစ်ပေါ်စေပါတယ်။ သစ်သီးဝလံတွေလိုမျိုး ကာဗွန်ဟိုက်ဒရိတ် နည်းနည်းသာ ပါတဲ့အပြင် thermogenesis ဖြစ်စဉ်မှာ စွမ်းအင်နည်းနည်းသာသုံးပြီး အပူထုတ်မှုနည်းတဲ့ အစားအစာတွေကို စားပါ။ Food Republic ရဲ့အဆိုအရ ကာဗွန်ဟိုက်ဒရိတ်နဲ့ယှဉ်ရင် ပရိုတိန်းကိုချေဖျက်ဖို့အတွက် စွမ်းအင် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ ပိုကုန်ပါတယ်။ ဒီတစ်ခုကရတဲ့ သင်ခန်းစာကတော့ “အသားကို လျှော့ စားပါ”။  # Trend Myanmar