မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

မေလ (၂) ရက် နေ့လည်(၂)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပြည်မြို့ ရွာဘဲ ရပ်ကွက် စံနန်းဦးနယ်မြေတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်ပြင်သို့ နယ်မြေခံတပ်မတော်သားများ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ဒေသအရန်မီးသတ် တပ်ဖွဲ့ဝင်များ လူမှုကူညီရေး အသင်းများ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း၍ မီးငြိမ်းသတ်ခဲ့ကြောင်းနှင့် မီးဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် နိုင်ငံရေး စီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၇) တက်ရောက်လျှက် ရှိသော သင်တန်းသူ/သားများမှ ပူးပေါင်းပါဝင်၍ ဆန်အိတ်+ဆီ နှင့် ငွေသားတန်ဘိုး (၃၈၀၀၀၀ိ/) ကျပ် အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။