မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေကို အ၀တ် လဲခန်းအတွင်းက ဓါတ် ပုံတင်ခြင်း ၊ ဗီဒီယို တင်ခြင်းများ ကို တားမြစ်

မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ အနေဖြင့် အသင်းရဲ့ အ၀တ်လဲခန်းအတွင်း ဓါတ်ပုံရိုက်တင်ခြင်း၊ ဗီဒီယို ရိုက်တင်ခြင်း၊ Live လွှင့်ခြင်းများပြုလုပ်ပါက ပြင်းထန်စွာ အပြစ်ပေးခြင်း ခံရမယ်လို့ အသင်းက ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ် ။

ယူနိုက်တက် ကစားသမားအချို့ဟာ အ၀တ်လဲခန်းအတွင်းက ပုံရိပ်တွေကို ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြလေ့ ရှိကြပြီး လင်ဂတ်၊ ပေါ့ဘာ တို့ဟာ အကြိမ်အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ယခုလို ထုတ်ပြန် မကြေငြာခင်မှာ နောက်ဆုံး သတိပေးခံခဲ့ရသူကတော့ အန်ဒါဟာရဲရားဖြစ်တယ်လို့ သိရပါတယ်။

ဟာရဲရား ဟာ ယူနိုက်တက် အသင်းဖော် မာတာရဲ့ ၂၉ နှစ်ပြည့် မွေးနေ့အတွက် ကိတ်မုန်ဖြင့် မာတာရဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ ဗီဒီယိုကို အွန်လိုင်းမှာ တင်ခဲ့တာကြောင့် အသင်း တာဝန်ရှိသူတွေ က ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်လက် လက်ထောက်နည်းပြ ဖာရီယာဟာလည်း နိုဝင်ဘာလအတွင်းက လုခ်ရှော ရဲ့ လေ့ကျင့်ခန်း ပြုလုပ်နေပုံကို အွန်လိုင်းပေါ်တင်ခဲ့မှုအတွက် ဒေါသထွက်ခဲ့တယ်လို့ သတင်းရရှိပါတယ် ။

Ref; Sky Sports