ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သဘောထား ကြေညာချက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသဘောထားကြေညာချက်

၁၃၇၉ ခုနှစ် ကဆုန်လဆန်း ၃ရက်

၂ဝ၁၇ ခုနှစ် ဧပြီလ ၂၈ရက်

၁။       ၂ဝ၁၇ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာပါ ယခင် မကွေးတိုင်းဒေသကြီး အစိုးရ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံကျော် စုံစမ်းစစ်ဆေးဖော်ထုတ်တွေ့ရှိမှုနှင့် ပတ်သက်၍ လက်ရှိ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။

၂။       ယင်းသတင်းစာရှင်းလင်းပွဲပါအချက်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးအပ်ပါသည်။

၃။       အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ယခင်ဒေသအာဏာပိုင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟောင်း ဦးဘုန်းမော်ရွှေနှင့် တာဝန်ခံဆောင်ရွက်ခဲ့သူ ဦးကြည်ထွန်းတို့မှ လက်ရှိ မကွေး တိုင်းဒေသကြီး အစိုးရနှင့် တိုက်ရိုက်ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။

၎။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန်နှင့် နိုင်ငံရေးအရ အမြတ်ထုတ်ဆောင်ရွက်မှုများ ရှိလာခဲ့ပါလျှင် ဥပဒေကြောင်းများအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ဖော်ပြပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ