နေရပ်သို့ပြန်မည့် စစ်ဘေးရှောင်ပြည်သူများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီထောက်ပံ့ငွေ ပေးအပ်လှူဒါန်း

 

နေရပ်အသီးသီးပြန်ရန်အတွက် ကျွဲဆည်ကန်ကားကြီးကွင်းသို့ရောက် ရှိလာသော စစ်ဘေးရှောင်ပြည်သူ ၁၅၃ဦးအား မန္တလေးတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီနှင့် မန္တလေး ခရိုင်ပြည်ခိုင်ဖြိုးပါတီတို့ ပူးပေါင်း ၍ ထောက်ပံ့ငွေပေးအပ်လှူဒါန်းမှု ကို ဧပြီ ၂၉ရက် ညနေ၅နာရီခွဲက ဆောင်ရွက်ခဲ့သည်။
”ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ပြည်သူလူထုတွေရဲ့အခက် အခဲမှန်သမျှကို တတ်နိုင်သမျှဝိုင်း ဝန်းကူညီဖို့ အသင့်ရှိပါတယ်။ အခု လည်း လောက်ကိုင်မှာတိုက်ပွဲတွေ ဖြစ်ခဲ့လို့ စစ်ဘေးရှောင်ဖို့အတွက် အဲဒီဒေသမှာ စီးပွားရှာအလုပ်လုပ် ရာကနေ သူတို့နေရပ်တွေကိုပြန်တဲ့ ပြည်သူတွေကို တစ်တပ်တစ်အား ကူညီတဲ့အနေနဲ့ တိုင်းဒေသကြီးနဲ့ ခရိုင် ပူးပေါင်းပြီး ထောက်ပံ့ကူညီ တာဖြစ်ပါတယ်”ဟုတိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးအောင်နိုင်ဦး ကထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူ ၁၅၃ ဦးသည် လောက်ကိုင်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် တရုတ်နိုင်ငံအတွင်းရောက်နေရာမှ မိမိတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်ရန်အတွက်မန္တလေးမြို့ကျွဲဆယ် ကန်ကားကြီးကွင်းသို့ရောက်ရှိလာ ရာမန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီမှတစ်ဦးလျှင် ကျပ် ၂ဝဝဝ နှုန်းစုစုပေါင်းကျပ် ၃ဝ၆ဝဝဝ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ စစ် ဘေး ရှောင်ပြည်သူများအနေဖြင့် မြစ်ကြီးနားသို့ပြန်ရန်၂၅ဦး၊ မကွေး ပြန်ရန် ၈၆ ဦး၊ တမူးပြန်ရန် ၄၂ဦး တို့ဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်ပြည်သူများထံသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုး ပါတီကော်မတီဝင် ဦးအောင် နိုင်ဦး၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဘိုသင်း၊ခရိုင်အတွင်း ရေးမှူးဦးကျော်စန်း၊ခရိုင်ကော်မတီ ဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော် မတီဝင်များမှ သွားရောက်၍ အား ပေးစကားပြောကြား၍ထောက်ပံ့ငွေ များအား ပေးအပ်လှူဒါန်းခဲ့သည်။

သုတ