ကျောက်မီးသွေးစက်ရုံများမှ လျှပ်စစ်ထုတ်ပါက မြန်မာနိုင်ငံ၏ လေထုညစ်ညမ်းမှု ယခင်ထက် သုံးဆခန့် မြင့်တက်နိုင်ဟုဆို

အရှေ့တောင်အာရှတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်သည့် မြန်မာနိုင်ငံသည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားသုံးစက်ရုံများ တိုးချဲ့တည်ဆောက်ပါက နိုင်ငံ၏ လေထုညစ်ညမ်းမှု ယခင် ထက် သုံးဆခန့်မြင့်တက်နိုင်ကြောင်း ဟားဗတ်တက္ကသိုလ်နှင့် Greenpeace က ထုတ်ဖော်ပြောကြားသည်။

ဟားဗတ်တက္ကသိုလ်နှင့် Greenpeace အဖွဲ့အစည်းတို့ ပူးပေါင်း၍ လေ့လာသုသတေနပြုလုပ်နေသော မြန်မာပြည်တွင်းပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျောက်မီးသွေးအန္တရာယ်သုတေသန အစီရင် ခံစာကို အခြေခံ ၍ ဧပြီ ၂၉ ရက်က သတင်းထုတ်ပြန်သည်။

အဆိုပါ သုတေသနအစီရင် ခံစာကို Greenpeace Southast, Aisa, Myanmar Green Network, ERI, HBS, EcoDev/ ALARM နှင့် Paung Ku တို့ပါ ၀င်သည့် Coalition for People and Environment မဟာမိတ် အဖွဲ့နှင့် ဟားဗတ်တက္ကသိုလ်တို့ ပူးပေါင်း လေ့လာသုတေသနပြု လုပ်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အချက်အလက်များအရ အာဆီယံမြို့တော် ၁၀ မြို့တွင် မြန်မာနိုင်ငံသည် အမှုန် အမွှားပျံ့နှံ့မှုအမြင့် ဆုံးဖြစ်ပြီး အရှေ့တောင်အာရှ ဒေသအတွင်း လေထုညစ်ညမ်းမှု အမြင့် ဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော ကော့သောင်းနှင့် တီကျစ်ဓာတ်အားပေးစက်ရုံ နှစ်ခုရှိသော် လည်း တိုးချဲ့ရန် ပြင်ဆင်နေသော စီမံကိန်း ၁၀ ခုရှိ ပြီး အဆိုပါစီမံကိန်းမှ မဂ္ဂါဝပ် ၈,၀၀၀ ထုတ်လုပ်ရန် စီစဉ်နေသည်။

အကောင်အထည်ဖော်မည့် စီမံကိန်းများမှ ထုတ်လွှတ်ထွက် လာမည့်လေထုညစ်ညမ်းစေမှုသည် အိန္ဒိယ၊ တရုတ်နိုင်ငံများ တွင် ခွင့်ပြုထားသည့် ပမာဏထက် ဆယ်ဆခန့်မြင့်တက်မည့် အနေ အထားရှိသည်ဟု အဆိုပါ အဖွဲ့နှစ်ဖွဲ့က ဆိုသည်။

ကမ္ဘာအနှံ့တွင် ကြုံတွေ့နေသည့် အမှုန်အမွှားညစ်ညမ်းပျံ့နှံ့နေမှု၏ အဓိကအရင်းအမြစ်သည် ကျောက်မီး သွေးလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပြီး SO2, NOx နှင့် ဖုန်မှုန့်များကို မြင့်မားစွာ ထုတ်လွှတ်ခြင်းကြောင့် အခြားနည်းဖြင့် လျှပ်စစ်ထုတ်ခြင်းထက် PM 2.5 ထွက်ပေါ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တိုးချဲ့ မည့် စီမံကိန်းများအတွက် ကာ ကွယ်ရန် ပြင်ဆင်ထားမှု လုံးဝမရှိ သောကြော့င် မဂ္ဂါဝပ် ၈,၀၀၀ ခန့် ရရှိနိုင်သည့် ကြီးမားသော စက်ရုံ စုစုပေါင်း ၁၀ ရုံတည်ဆောက်ပါက ယင်းစက်ရုံ များကြောင့် ကျန်း မာရေးထိခိုက်နိုင်သည်ဟု အဆိုပါ အဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နှစ်ကြာလေ့လာ ထားသော ယင်းအစီရင်ခံစာကို အဆိုပါအဖွဲ့အစည်းနှစ်ခုက မေလ ၄ ရက်တွင် အများ ပြည်သူသို့ သတင်းထုတ်ပြန်မည်ဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက် မည်ဆိုပါက အရေးပါသော စံသတ်မှတ်ချက်များနှင့် စည်းမျဉ်းများမရှိလျှင် ကြုံတွေ့ရမည့် ပြဿနာများ ထည့်သွင်းလေ့လာထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံများအတွက် ထုတ်လွှတ်မှုစံသတ်မှတ်ချက် တစ်စုံ တစ်ရာမရှိဘဲ ကျောက်မီးသွေးသုံး စက်ရုံများတည်ဆောက်ရန် ကြိုးစားနေသော နိုင်ငံဖြစ်သောကြောင့် စိုးရိမ်မိသည်ဟု  ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

# 7 Day