ပဋ္ဌာန်းသိမ်း ဆွမ်းဆန်တော်လောင်းလှူပြီး သရေခေတ္တရာ ပျူမြို့ဟောင်းသို့ လေ့လာရေး ခရီးပို့ဆောင်

 

ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်အဖွဲ့ သည် ဧပြီ ၃ဝ ရက် နံနက် ၈ နာရီခွဲက ပြည်မြို့နယ် လက်ပံတောအုပ်စု ပဋ္ဌာန်းသိမ်းအောင်ပွဲ အထိမ်း အမှတ် ဆွမ်းဆန်တော်လောင်းလှူ ပွဲတွင် ရပ်/ကျေး ကော်မတီဝင် များနှင့်အတူ တက်ရောက်လောင်း လှူခဲ့ပြီး နံနက် ၉ နာရီခွဲတွင် ပေါက်ခေါင်းမြို့နယ်ပါတီမှကြီးမှူး ဖွင့်လှစ် သော စက်ချုပ်သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသူများ အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်း ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှိ ရှေးဟောင်း သုတေသန ပြတိုက် နှင့်စေတီပုထိုးများ၊ သိမ်ကျောင်း၊ ကန်များအားလေ့လာရေးခရီးလိုက် ပါပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

သူရအောင်(ပြည်)