ဖိလစ်ပိုင်သမ္မတဒူတာတေး သူ၏ ဇာတိမြို့ရှိ တရုတ်စစ် သဘောင်္များဆီသို့ သွားရောက်လည်ပတ်
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ပြီးခဲ့သောတနင်္လာနေ့က သူ၏ဇာတိမြို့၌ ဆိုက်ကပ်ထားသော တရုတ် စစ်သဘောင်္များဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း၌ တင်းမာမှုများ ရှိနေသော်လည်း နှစ်နိုင်ငံကြား နွေးထွေးသော ဆက်ဆံရေးရှိကြောင်း မီးမောင်းထိုးပြသခဲ့ကာ ပူးပေါင်း စစ်ရေးလေ့ကျင့်နိုင်သည့် အလားအလာများလည်း မြင့်တက်လာခဲ့သည်။
ဒူတာတေးသည် ပြီးခဲ့သောရက်ပိုင်းက အာဆီယံဆယ်နိုင်ငံ ထိပ်သီးစည်းဝေးပွဲ၌ တရုတ်နိုင်ငံ၏ နယ်မြေ ချဲ့ထွင်ရေးနှင့် လူလုပ်ကျွန်းများ ပင်လယ်ထဲ၌ တည်ဆောက်နေသည့် ကိစ္စနှင့်ပက်သက်၍ ပျော့ပြောင်းစွာ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့အပြီးတွင် ယခုလို သွားရောက်လည်ပတ်ခြင်းဖြစ်သည်။
ဒါ့အပြင် ဖိလစ်ပိုင်ခေါင်းဆောင်က ပဲ့ထိန်းတပ်ဒုံးကျည်ဖျက်သင်္ဘော “ချန်ချန်း” သည် အလွန်အထင်ကြီး စရာကောင်းကြောင်း ချီးမွမ်းခဲ့သည်။ “အထဲမှာ ကော်ဇောအပြည့်ခင်းထားပါတယ်။ ဟော်တယ်ကြီး ကျနေတာပဲ” ဟု တရုတ်ရေတပ် ကပ္ပတိန်၏ လိုက်လံပြသမှုအပြီးတွင် သူကပြောခဲ့သည်။
“ ဒါဟာ နှစ်ဖက်ကြား ယုံကြည်မှုနဲ့ ချစ်ကြည်မှုကို တည်ဆောက်သွားဖို့ဖြစ်ပြီး ကျနော်တို့ဟာ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ ပြသဖို့အတွက် သူတို့ကို ဒီမှာကျနော် ကြိုဆိုခဲ့တာပါ” ဟု ဒူတာတေးက ပြီးခဲ့သော တနင်္ဂနွေနေ့၌ မင်ဒန်နာအိုကျွန်းပေါ်ရှိ ဒါဗိုဝ်မြို့သို့ရောက်ရှိလာသော သဘောင်္သုံးစီးပါသည့် ရေယာဉ်စုနှင့် ပက်သက်၍ ပြောခဲ့သည်။
ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဖြစ်လာနိုင်သလားဆိုသည့် မေးခွန်းနှင့် ပက်သက်၍ “ဟုတ်ကဲ့။ ကျနော်သဘောတူပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု သူကဖြေခဲ့သည်။
ဒါ့အပြင် စစ်ရေးလေ့ကျင့်ဖြစ်ပါက မကြာသေးခင်လများအတွင်း အစွန်းရောက် မူစလင်ပင်လယ်ဓားပြများ လှုပ်ရှားလျက်ရှိသော ဖိလစ်ပိုင်တောင်ပိုင်း ဆူးလူးပင်လယ်ထဲတွင် ပြုလုပ်သွားရန် သူက အကြံပေးခဲ့သည်။
ပြီးခဲ့သောနှစ်က ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဒူတာတေးသည် နှစ်ပေါင်းများစွာကြာ မဟာမိတ်ဖြစ်ခဲ့ သော အမေရိကန်နိုင်ငံနှင့် ကင်းကွာအောင်နေခဲ့ပြီး စီးပွားရေးအထောက်အပံ့များနှင့် ရင်းနှီးမြှုပ်နှံမှုများကို မျှော်ကိုးကာ နိုင်ငံ၏နယ်နမိတ်အရေး အငြင်းပွားနေရသော တရုတ်နိုင်ငံနှင့် ပိုမိုဆက်ဆံခဲ့သည်။ Ref; AFP